၄ စောင်စလုံး ထီပေါက်ခဲ့တာပါ။

လွင်မိုးက သူကိုယ်တိုင်ထိုးခဲ့တဲ့ ထီလက်မှတ် ၄ စောင် စလုံးက ထီပေါက်ခဲ့တယ်လို့ဆိုပါတယ်။ သူ့အတွက် ပရိသတ်တွေကလည်း ဝမ်းသာပေးနေကြပါတယ်။

Photo: Lwin Moe



သရုပ်ဆောင်လွင်မိုးဟာ ၇ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း တစ်သောင်းဆု ထီမှာတော့ သူ ထိုးခဲ့တဲ့ ထီလက်မှတ် ၄ စောင် စလုံးက ထီပေါက်ခဲ့တယ်လို့ သိရပါတယ်။ ကျပ် တစ်သိန်းဆု အတွက် ထီလက်မှတ် တစ်စောင်၊ ကျပ် ၅ သောင်းဆုအတွက် ထီလက်မှတ် ၃ စောင် တု့ိက ထီပေါက်ခဲ့တာပါ။

‘’ဒီတစ်ခါတော့ နှစ်သိန်းခွဲ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ လွင်မိုးဟာ ‘’ပ-၃၇၃’’ ဂဏန်းနဲ့ ငွေကျပ် ၁ သိန်းဆု ၊ ကျပ် ၅ သောင်း ဝေဝေဆာဆာ ပဒေသာ ဆုမှာတော့ ‘’ဌ- ၃၇ ၊ ဋ-၃၇ ၊ ဓ-၃၇’’ စတဲ့ ထီလက်မှတ် ၃ စောင် စလုံးက ၅ သောင်းဆီ ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ထီလက်မှတ် ၄ ဆောင်လုံးက ပေါက်ခဲ့တဲ့ စုစုပေါင်းကတော့ ၂ သိန်းခွဲ ပေါက်ခဲ့တာဖြစ်ပါတယ်။ လွင်မိုးအတွက် မိတ်ဆွေ၊ အပေါင်းအသင်းတွေ၊ ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းတွေကို Comment မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။

Photo: Lwin Moe

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ သူဟာ ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Photo: Lwin Moe

လွင်မိုးဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က