သာသနာ့ဘောင်ထဲဝင်တာ ဒီနေ့ဆို ၉ ရက်ပြည့်ပါပြီ။
Sabal Thwin

သာသနာ့ဘောင်မှာ ၉ ရက်ကြာ အားထုတ်နေတဲ့ ဆရာလေး ဝိမလဉာဏီ(ခ) အဆိုတော် ပိုပိုကတော့ မေလ ၂၉ ရက်နေ့မှာ ၉ ရက်ပြည့်ပါပြီ။ သူမဟာ သီလရှင်ဝတ်စုံနဲ့ ရွှေတိဂုံစေတီတော် ကြီးကိုလည်း ဖူးမြှော်ခဲ့ပါသေးတယ်တဲ့။

Photo: ပိုပို

အဆိုတော် ပိုပို(ခ) ဆရာလေး ဝိမလဉာဏီဟာ သာသနာ့ဘောင်ဝင်တဲ့ ၈ ရက်မြောက်မှာပဲ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြှော်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ စစ်ကိုင်းချောင်မှာ တရားအားထုတ်ခဲ့တာပါ။

‘’ဆရာလေး ဝိမလဉာဏီ သာသနာဘောင်ထဲ ဝင် တာ ၈ ရက်မြောက် အနေနဲ့  ရွှေတိဂုံဘုရားကိုဖူးမျှော်ရင်း ၇ ရက်သားသမီးများ ကျန်းမာ ချမ်းသာကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်’’ ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: ပိုပို

ပိုပိုဟာ မေလ ၂၁ ရက်နေ့က စစ်ကိုင်းချောင်မှာ သီလရှင် စဝတ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဆိုရင်တော့ ၉ ရက်မြောက် နေ့ကို ရောက်ရှိလို့လာပါပြီ။ သူမဟာ ရရှိလာတဲ့ အနုပညာကြေးထဲကနေ သီလရှင်မဝတ်နိုင်တဲ့ မိန်းကလေး ပရိသတ်တွေကိုလည်း ကိုယ်တိုင် သီလရှင် ဝတ်ပေးခဲ့တာကို တွေ့ရပါတယ်။

Photo: ပိုပို

ပိုပိုက မကြာသေးခင်ကပဲ အသက် ၂၉ နှစ်ပြည့်သွားတာဖြစ်ပါတယ်။သူမကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ ပိုပိုရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က