''နတ်ဖွက်ထားတဲ့ ည'' လို့ အမည်ရပါတယ်။

ညိုမင်းလွင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားသစ်ကြီးထဲမှာတော့ နေမင်းနဲ့ ခင်ဝင့်ဝါတို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဇာတ်ကားနာမည်ကတော့ ‘’နတ်ဖွက်ထားတဲ့ည’’ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Photo: Nyo Min Lwn



နေမင်းလွင်ကိုယ်တိုင်ရိုက်ကူးမယ့် ‘’နတ်ဖွက်ထားတဲ့ည’’ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ထူးခြားမှုတွေနဲ့ ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ အခြေခံထားတဲ့ အကြောင်းအရာကတော့ ညကြီးအချိန်မတော် တူတူပုန်းတမ်း ကစားသလိုပဲလို့ ဆိုပါတယ်။

‘’ငယ်ငယ်တုန်းက လူကြီးတွေကပြောတယ်။ ညဘက်တူတူပုန်းတမ်းကစားရင် နတ်ဖွက်တတ်တယ် တဲ့။ နတ်ဖွက်တယ်ဆိုတာဘယ်လိုမျိုးလဲ လို့ပြန်မေးကြည့်တော့ အဲဒီညတစ်ညလုံး အမှောင်ကြီးထဲကို ရောက်သွားတာ။ မနက်မိုးလင်းတော့မှ ပြန်မြင်ကြရတယ် တဲ့။ အမှောင်ထဲရောက်သွား တဲ့ချစ်သူနှစ်ယောက်နဲ့ညတစ်ညအကြောင်း၊ ‘နတ်ဖွက်ထားတဲ့ည’’’ ဆိုပြီးတော့ ဇူလိုင်လ ၃၁ ရက်နေ့ည ၁၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

Photo: Nyo Min Lwn

ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် နေမင်းနဲ့ ခင်ဝင့်ဝါ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို စိတ်ဝင်စားနေပြီလို့လည်း ညိုမင်းလွင်၊ နေမင်းနဲ့ ခင်ဝင့်ဝါ တို့ရဲ့ ပရိသတ်တွေက Comment ကနေတဆင့် ရေးသားထားကြတာ တွေ့ရပါတယ်။ ညိုမင်းလွင်ဟာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တွေတိုင်းက ပရိသတ်တွေကို ထူးခြားမှုတွေအမြဲပေးခဲ့သူပါ။ ‘’နတ်ဖွက်ထားတဲ့ည’’ ရုပ်ရှင်ကားကြီးကလည်း ဘယ်လိုတွေ ထူးခြားမလဲ ဆိုတာကတော့ ပရိသတ်တွေက သိချင်နေကြပါပြီ။

Photo: Nyo Min Lwn

ညိုမင်းလွင်ဟာ Anada ဆိုတဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားကြီး ကို ပုံဖော်ဖန်တီးထားသူဖြစ်ပါတယ်။ ဒီဇာတ်ကားဟာမြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ ပထမဆုံး သိပ္ပံရုပ်ရှင်ကားကြီးဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ရိုက်ကူးထားတဲ့ ‘’မေထုန်ရာသီဖွား’’ ရုပ်ရှင်ကားကြီးကတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ‘’မနုစာရီ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လက်ရှိမှာ ပုံဖော်ရိုက်ကူးနေပြီလို့ သိရပါတယ်။

Photo: Nyo Min Lwn

ညိုမင်းလွင် က ညကျောင်း၊ ဒိုင်နိုဆောရွာ၊ ရန်ကုန်မြို့ပြရုပ်ရှင်ဇာတ်ကား အပြင် ဇီးကွက်သေတ္တာရုပ်သံဇာတ်လမ်းတွဲ တို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ နောက်ထပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးပါ။ ညိုမင်းလွင်ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ဦးအဖြစ်ကတည်းက အားပေးလာခဲ့ကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က