ပထမဆုံးအကြိမ်ဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်တဲ့။

ဖြိုးမြတ်အောင်က ပထမဆုံးပြည်ပ ဖျော်ဖြေရေးခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံမှာ သီဆိုဖျော်ဖြေရေမှာဖြစ်လို့ ရင်ခုန် စိတ်လှုပ်ရှားလို့နေပါတယ်။ သူဟာ Myanmar Idol သီချင်းဆို ပြိုင်ပွဲပြီးတဲ့နောက်မှာ ဂီတအလုပ်တွေ တစိုက်မတ်မတ် လုပ်ကိုင်လာတာကို တွေ့ရပါတယ်။

Photo: Phyo Myat Aung

ဖြိုးမြတ်အောင်ကတော့ စင်ကာပူနိုင်ငံကို ဖျော်ဖြေရေးခရီးစဉ်သွားနေတာ တွေ့ရပါတယ်။ ဒီလို ပြည်ပ ဖျော်ဖြေရေးခရီးစဉ်က သူ့အတွက် ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

‘’Doron Band စလုံးသို့ချီတက်။ ပထမဆုံးအကြိမ်ပြည်ပပွဲစဉ်မို့ ရင်ခုန်သံ မီးရထားတစ်စင်းခုတ်မောင်း’’ ဆိုပြီးတော့ ဧပြီလ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူနဲ့ အတူ ဂီတညီအစ်ကိုတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

ဖြိုးမြတ်အောင်ဟာ Myanmar Idol Season 3 ရဲ့ Winner ဆုရှင်တစ်ဦးဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ တဆင့် ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြည်တွင်းဖျော်ဖြေရေးတွေမှာ ပါဝင်သီဆိုနေရသူ လည်း ဖြစ်ပါတယ်။




Photo: Phyo Myat Aung


ဖိုးမြတ်အောင်က Myanmar Idol သီချင်းဆို ပြိုင်ပွဲ ဝင်ခဲ့တဲ့ အချိန်မှာ ပရိသတ်သေချာ မသိသေးတဲ့ ဝါသနာရှင်တစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်ကို မာနကြီးသွားမှာလား ဆိုတဲ့ အပေါ် အခုလို ပြန်လည် ဖြေဆိုခဲ့ပါတယ်။

'' လူဆိုတာကတော့ တစ်ခါတလေ လွတ်ချင်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တစ်ခါတလေ လွတ်ချင်တယ်၊ အဲ့ဒီအခါ ဘာနဲ့ ပြန်ထိန်း သလဲဆိုရင် အသိ နဲ့ သတိ အမြဲကပ်ထားတယ်။ အဲ့ဒါတွေနဲ့ ပြန်ထိန်းဖြစ်တယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့က Ocean Super Market ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Phyo Myat Aung

အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။



က္က