ရိုက်ကွင်းပေါ်မှာ ခြေထောက်ကျိူးသွားလို့တဲ့။
Sabal Thwin

သိန်းလင်းစိုးဟာ ရိုက်ကွင်းပေါ်မှာ ကာရိုက်တာ အရ သရုပ်ဆောင်နေရင်း ခြေထောက်ကျိုးသွားခဲ့တယ်လို့ တိုင်ရွန်က စိတ်မကောင်းစွာနဲ့ပြောလာခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ အခြားသရုပ်ဆောင်တွေနဲ့အတူ ''ငါတို့သည်''ရုပ်ရှင်ကားကြီးရိုက်ကူးနေတာပါ။

Photo: တိုင်ရွန်

သိန်းလင်းစိုးတစ်ယောက် ရုပ်ရှင်ရိုက်ကူးနေရင်း ရိုက်ကွင်းပေါ်မှာ ခြေထောက်ကျိုးသွားတဲ့အကြောင်း တိုင်ရွန်က ပြောပါတယ်။ အခုဆိုရင်သူတို့ဟာ ‘’ငါတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးနေတာ ဖြစ်ပါတယ်။

‘’ ဒီဇာတ်ကားကတော့ တကယ်ကို အမှတ်တရနဲ့ အသေအပင်ပန်းဆုံးပါပဲ။ တောထဲ တောင်ထဲရိုက်ရတာ သေမလိုဘဲ။ အခုလည်း ကိုသိန်း ခြေထောက်ကျိုးသွားပြီ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက တိုင်ရွန်ရဲ့ ဖေ့စ်ဘွတ် Story မှာ ရေးသားထားတာ တွေ့ရပါတယ်။

သိန်းလင်းစိုးဟာ ‘’ငါတို့သည်’’ရုပ်ရှင်ဇာတ်ကားထဲမှာ ရဲ ကာရိုက်တာအဖြစ်ပါဝင်သရုပ်ဆောင်နေသူပါ။ ဒီဇာတ်ကားထဲမှာလည်း သိန်းလင်းစိုး၊ တိုင်ရွန်တို့နဲ့အတူ ခါရာ၊ အလင်းရောင်၊ ထွန်းကိုကို၊ နေထက်လင်း၊ နေမျိုးအောင်၊ နေရဲ၊ ရွှေသမီး၊ ရွှေပိုးအိမ်နဲ့ လမင်းကဗျာတို့က အဓိက ဇာတ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်နေကြတာပါ။ ဒီဇာတ်ကားကိုတော့ ပြင်ဦးလွင်မှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

တိုင်ရွန်ကတော့ ဒီဇာတ်ကားထဲမှာ လူဆိုး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူနဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) တို့ရဲ့ ပထမဆုံး တွေ့ဆုံဖြစ်တဲ့ ဇာတ်ကားလို့လည်း Duwun Media ကနေ ပြောပြခဲ့ဖူးပါတယ်။ ဇာတ်ကားထဲက ကာရိုက်တာကလည်း သရုပ်ဆောင်လာတဲ့တစ်လျှောက် မလုပ်ဖူးသေးတဲ့ ကာရိုက်တာမျိုးလည်း ဖြစ်တယ်လို့ ပြောပြထားပါသေးတယ်။

Photo: တိုင်ရွန်

သိန်းလင်းစိုးကတော့ ဂီတလောကမှာ အောင်မြင်လျှက်ရှိပေမယ့် ဝါသနာပါတဲ့ သရုပ်ဆောင်ဘက်မှာတော့ ကြိုးစားနေသူ တစ်ယောက်ပါ။ ဒါပေမယ့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကြောင့် သီချင်းတွေဆိုတာထက် ဇာတ်ကားရိုက်ကူးရေးတွေ များလာတာကိုလည်း တွေ့ရပါတယ်။ တိုင်ရွန်ကလည်း မော်ဒယ်လောက ကနေ သရုပ်ဆောင် တစ်ယောက်ဖြစ်လာသူပါ။ သူကလည်း အခုချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ မင်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။


ဆက်စပ်အကြောင်းအရာများ


က္က