သူ့ရင်ထဲက ပီတိစကားကို ပြောပြလာပါတယ်။

G Fatt ကတော့ သူ့ရဲ့ အမာခံပရိသတ်တွေထဲမှာ ငွေကျပ် သိန်းတစ်သောင်းခွဲဆု ထီပေါက်တဲ့သူရှိခဲ့ပြီလို့ ဆိုပါတယ်။ 

အဆိုတော် G Fatt ရဲ့ ပရိသတ်တွေထဲက တစ်ဦးကတော့ (၁၉) ကြိမ်မြောက် အောင်ဘာလေ သိန်းတစ်သောင်းခွဲ ထီမှာ ငွေကျပ်သိန်း တစ်သောင်းခွဲ ဆုပေါက်ခဲ့တယ်လို့ သိရပါတယ်။ G Fatt ကိုယ်တိုင်ကလည်း ကံကောင်းမှုတွေ ပိုင်ဆိုင်ခဲ့တဲ့ ပရိသတ်အတွက် ဝမ်းသာပီတိစကားဆိုလာပါတယ်။ 



" Wow Wow Wow ဒီလရဲ့ ထီ သိန်းတစ်သောင်းခွဲ ဆုရှင်ဟာ ကျွန်တော့် WLGF ထဲကလို့သိရပါတယ်။ အရမ်းပျော် အရမ်းဂုဏ်ယူပါတယ် ဗျာ။ သွေးမတော်သားမစပ် ကျွန်တော်တောင် ဒီလောက်ပျော်နေရင် ကာယံကံရှင် မိသားစုဆို ဘယ်လောက်တောင် ပျော်နေမလဲဗျာ။ ကုသိုလ်ကောင်မှုတွေ အများကြီး လုပ်နိုင်ပြီး မိဘကိုလိုလေးသေးမရှိ ထားနိုင်ပါစေကွယ် ကိုကြီးကိုလည်း အများကြီးချစ်နိုင်ပါစေ။ ကဲနောက်လ သိန်းတစ်သောင်းခွဲဆုရှင်က Fan တွေထဲကပဲထပ်ဖြစ်မလား။ ကျွန်တော်ကိုယ်တိုင်ပဲ ဖြစ်မလား ရင်ခုန်နေပါပြီ" ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားခဲ့တာပါ။ 

ဒီနေ့ စက်တင်ဘာလ (၁) ရက်နေ့ မှာ ထွက်ရှိတဲ့ အောင်ဘာလေထီရဲ့ အမြင့်ဆုံးဆုကို ရွှေမြန်မာချစ်ကြည်ရေးနှင့်ကမ္ဘာသစ် ထီဆိုင်ကနေ ပ- ၃၀၇၆၆၆ နံပါတ်နဲ့ သိန်းတစ်သောင်းခွဲဆုပေါက်သွားတာဖြစ်ပါတယ်။ ကံထူးရှင်မှာ မရမ်းကုန်းမြို့နယ်၊ သရက်မြိုင်ရဲရိပ်သာမှာ နေထိုင်တဲ့ အသက် ၂၅ နှစ် အရွယ် မယမင်းစံဆိုသူဖြစ်ပါတယ်။ 

G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က