ဒီလလည်း ပေါက်ပြန်ပြီ။
Ei Ei Myat

ရတနာမိုင်ကတော့ နိုဝင်ဘာလကို ကံကောင်းခြင်းတွေနဲ့ ကြိုဆိုလိုက်ပြန်ပါပြီ။ဒီလလည်း သူမထိုးထားတဲ့ ထီတွေထဲက ထီဆုတွေ ဆွတ်ခူးနိုင်လို့ ပျော်နေပါတယ်။

Photo : ရတနာမိုင်

အဆိုတော် ရတနာမိုင်ကတော့ ဒီလလည်း ထီပေါက်လို့ ပျော်နေပါတယ်။ လတိုင်းလိုလို ထီကံကောင်းနေတဲ့ သူမဟာ ဒီလမှာလည်း တစ်သိန်းဆုနဲ့ ငါးသောင်းဆုပေါက်တယ်လို့ ဆိုပါတယ်။

“တောင်ကြီးကနေအိမ်ပြန်ရောက်ရောက်ချင်းထီတိုက်လိုက်တာ ၁ သိန်းဆု ၁ ဆု ငါးသောင်းဆု ၂ ဆု အများကြီး ပေါက်ပါလားနော် အလှူတွေအများကြီးလုပ်ရအောင် နောက်လဆို သိန်း ၁ သောင်းခွဲပေါက်မှပဲတင်တော့မယ်နော် ps-ထီထိုးတဲ့ဆိုင်ကဖုန်းလေးတောင်မဆက်ဘူး ကိုယ်ပြန်တိုက်ကြည့်လို့ပေါ့” ဆိုပြီး နိုဝင်ဘာ(၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

Photo : ရတနာမိုင်

သူမရဲ့ ပရိသတ်တွေကလည်း ထီကံကောင်းနေတဲ့ ရတနာမိုင်အတွက် သိန်းတစ်သောင်းခွဲ ဆုကြီး ပေါက်စေဖို့ ဆုတောင်းစကားတွေ ပြောပေးထားတာ တွေ့ရပါတယ်။

ရတနာမိုင်ဟာ ဂီတလောကမှာ တစ်ခေတ် တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် မိုင်ရဲ့ သမီးလည်း ဖြစ်ပါတယ်။ သူမရဲ့ လက်ထပ်မှာလည်း မိခင်ရဲ့ ဂီတအမွေကို ဆက်လက်ထိန်း သိမ်းထားနိုင်သူ တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။သူမက တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားသလို အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားပါတယ်။

Photo : ရတနာမိုင်

ဂီတနဲ့ ပတ်သက်ပြီးတော့လည်းဆုတံဆိပ်တွေရရှိထားသူပါ။ လက်ရှိမှာလည်း ဖျော်ဖြေရေးပွဲတွေ သွားနေရပြီးပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေတယ်လို့ သိရပါတယ်။ လတ်တလောမှာ ထွက်ရှိထားတဲ့ “မမေ့ပါနဲ့” ၊ “လိုရာသုံး” စတဲ့သီချင်းလေးတွေဟာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်တဲ့ သီချင်းလေးတွေ ဖြစ်လို့နေပါတယ်။


က္က