ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေလဲ ကြည့်လိုက်နော်။

ဒီနေ့ဟာ ဖွေးဖွေးရဲ့ အသက်(၃၀)ပြည့်တဲ့ မွေးနေ့လေးဖြစ်ပါတယ်။ ထိပ်စီး ပြောင်းသွားပြီဖြစ်တဲ့ ဖွေးဖွေးဟာ သူ့ရဲ့ မွေးနေ့ လေးမှာ အလှူအတန်းတွေ ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။ကလေးလေး တွေ နဲ့ မွေးနေ့လေးမှာ ပျော်နေတဲ့ ဖွေးဖွေးရဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။



 

ဒီနေ့ (သြဂုတ်လ၉ရက်)က အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးရဲ့ အသက်(၃၀) ပြည့် မွေးနေ့လေးပါ။ ပရိသတ်တွေရဲ့ အချစ်တော် ဖွေးဖွေးက မွေးနေ့လေးမှာ စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေးအသင်းသို့အလှူငွေ (၁၁)သိန်းနဲ့အတူကလေးငယ်များအတွက် မုန့်မျိုးစုံကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဲ့ဒီမှာရှိတဲ့ ကလေးလေးတွေနဲ့အတူ မွေးနေ့ကိတ်ခွဲကာ ကလေးများနဲ့ တရင်းတနှီးလေး နေခဲ့တာကိုလည်း တွေ့ရပါတယ်။ ကလေးလေး တွေ နဲ့ မွေးနေ့လေးမှာ ပျော်နေတဲ့ ဖွေးဖွေးရဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်။

 

ထိပ်စီးပြောင်းသွားပြီဖြစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် ဖွေးစိန်လေးရဲ့ မွေးနေ့မှာ သူရဲ့ အမာခံပရိသတ်တွေကလည်း မွေးနေ့ဆုတောင်း တွေ တောင်းပေးထားကြသလို Fan တွေကလည်းမွေးနေ့ Surprise တွေ ပြုလုပ်ပေးခဲ့ကြပါတယ်။ဖွေးဖွေးကတော့ မွေးနေ့မှာ  အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။

ဖွေးရဲ့ မွေးနေ့လေးမှာ ဖွေးရဲ့ မေမေနဲ့ ဖေဖေကလည်း နားကပ်လေး မွေးနေ့လက်ဆောင်ပေးခဲ့တယ်တဲ့။ မွေးနေ့လက်ဆောင်ပေးတဲ့ နားကပ်လေးကိုလည်း ဖွေးဖွေးရဲ့ မေမေကိုယ်တိုုင်က ဒီဇိုင်းဆွဲပြီးတော့ မွေးနေ့လက်ဆောင်ပေးခဲ့တာ  ဖြစ်တယ်လို့ သိရပါတယ်။

Photo : ဖွေးဖွေး Fans Group

 

လောက်အစစ်တွေနဲ့ ရိုက်ကူးချိန်က ခံစားချက်ကို ပြောပြတဲ့ ဖွေးဖွေး 

ဖွေးဖွေးဟာ လက်ရှိမှာ "ကာဗွန်ဒိုင်အောက်ဆိုဒ်" အဖွဲ့သားတွေနဲ့အတူူ ပရိသတ်တွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဖွေးဖွေးပါဝင် ထားတဲ့ "ကာဗွန်ဒိုင်အောက်ဆိုဒ်" ဟာ ယခုလက်ရှိမှာ ရုံတင်ပြသနေတာဖြစ်ပြီး အောင်မြင်မှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားကြီးကို ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဝိုင်းက ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ သရဲကား ကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ပြီး ကြည်ရှုချင်တဲ့ ပရိသတ်တွေတောင် ကြောထဲ စိမ့်ဝင်ပြီး တကယ်ကို ကြောက်စရာ၊ စိတ်လှုပ်ရှားစရာကောင်းနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့သလို၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က