ကိုယ်ထိလက်ရောက် ကျူးလွန်ထားတဲ့ ပုံတွေကို ပြထားပါတယ်။
Sabal Thwin

သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမလေး သံစဉ်မောင်က ချစ်သူဟောင်းရဲ့ နှိပ်စက်ခြင်းခံခဲ့ရတဲ့ ဓာတ်ပုံတွေကို ပရိသတ်အရှေ့ ထုတ်ဖော်ပြလိုက်ပါပြီ။ သက်သေအထောက်အထားခိုင်လုံစွာနဲ့ တရားစွဲဆိုဖို့အထိ ပြင်ဆင်နေပြီလို့ သိရပါတယ်။ 

Photo: ThanSin Maung

သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေး သံစဉ်မောင်ကတော့ ချစ်သူဟောင်းရဲ့ နှိပ်စက်ခြင်းခံခဲ့ရတုန်းက ဓာတ်ပုံတွေကို ထုတ်ဖော်ပြသလာပါတယ်။ သံစဉ်မောင်ရဲ့ ချစ်သူဟောင်းကတော့ ပရိသတ်တွေ သိရှိပြီးသား သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သံစဉ်မောင်နဲ့ ချစ်သူဟောင်းတို့ဟာ တရားစွဲဆိုတဲ့အထိ ပြဿနာတွေ ရှိနေပါတယ်။ 

“အရှက်မရှိမပြတ်သားနိုင်လို့ instagram မှာမျိုးစုံတင် Fb မှာတင်နေခဲ့ တောင် မသိချင်ယောင်ဆောင်နေခဲ့တာ နင်တင်တာအားလုံး ငါမှာ SS တွေရှိတယ်နော် အေး။ တွဲနေတုန်းက နင်လူစိတ်မရှိပဲ အမြဲလက်ပါရိုက်နှက်ပြီး ငါမျက်နှာကို လူကြားထဲမထွက်နိုင်အောင်ရိုက်ထားတဲ့ပုံတွေအားလုံး ငါထုတ် ပြမှာ နင်လိုက်ပ တ်သတ်ချင်နေတာလေ။ နင်ငါ့ကိုမပြတ်သားနိုင်လို့ ဟိုလူကိုစကားလာပြောခိုင်း ဒီလူ့ကိုစကားလာပြောခိုင်းနဲ့ ငါမှာသက်သေတွေအကုန်ရှိတယ်နော်။ နင့်စိတ်ဓာတ်ဘယ်လိုလဲ ဆိုတာ သိတဲ့သူတွေအကုန်သိတယ် အခုနင့်လုပ်ရပ်တွေက ဆိုးသည်ထက်ဆိုးလာလို့ အကြောင်းသိသူတွေက သက်သေလိုရင်အချိန်မရွေးခေါ်ဖို့ ပြောထားကြပြီးသား” ဆိုပြီးတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: ThanSin Maung

သံစဉ်မောင်ကတော့ ချစ်သူဟောင်းက လူမှုကွန်ယက် စာမျက်နှာပေါ်မှာရေးသားထားတဲ့ စာတွေဟာ အစ်မဖြစ်သူ ဘေဘီမောင်ရဲ့ သိက္ခာကိုပါ ထိပါးစော်ကားလာတဲ့အတွက် တရားစွဲဆိုမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ တရားစွဲဆိုဖို့အတွက်ကိုလည်း သက်သေတွေရှိတယ်လို့ သူကပြောပါတယ်။ 

“လူတကာကို သံစဉ်မောင် မကောင်းဘူးလိုက်ပြောနေတာ ဘယ်သူနဲ့တွဲတွဲ တွဲသမျှမိန်းကလေးတိုင်းကို ငါမကောင်းကြောင်းလိုက်ပြောနေတာ ငါမှာအသံဖိုင်တွေနဲ့ တရားရုံးမှာ ရှင်းမှာ နင်သမိုင်းကြောင်းနဲ့ နင်လုပ်ရပ်က အရမ်းဖြူစင်နေတယ်ပေါ့။ ငါ့ကိုနင်$ရှက်လိုက်ခွဲနေတာ စကားရှုတ်ထားတာ သက်သေအချက်အလက်အားလုံးနဲ့ ငါရှင်းတော့မှာ ငါ့မိသားစု ငါ့အစ်မနာမည်ဘေဘီမောင်ဆိုတာပါထည့်ပြီး နင်စော်ကားထားတာ ဒီတစ်ခါ ငါအထောက်အထားအားလုံးနဲ့ အဆုံးထိတက်မှာ လာစိန်မခေါ်နဲ့ ပါးရိုက်ရင်နားကိုက်တက်တယ်။ ငါနာမည်ပျက်မှာဆိုးလို့သည်းခံတာ ဆက်သည်းခံနေ ရင်နင်ကခွေးရူးတစ်ကောင်လိုလိုက်ကိုက်နေဦးမှာဆိုတော့ အဆုံးထိသွားကြတာပေါ့။ တကယ်မိန်းမလိုမိန်းမရ အောက်တန်းစားကောင်နဲ့ပတ်သတ်မိတာ ဘဝရဲ့အကြီးမာဆုံးနောင်တပဲ” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: ThanSin Maung

သံစဉ်မောင်ကိုတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ အနုပညာသက်တမ်းကလည်း ၄ နှစ်ခန့်ကို ရောက်ရှိလို့လာပါပြီ။ 




ဆက်စပ်အကြောင်းအရာများ


က္က