ဇူလိုင် ၅ ရက်နေ့အထိ လှူလို့ ရပါသေးတယ်တဲ့။

ဟာသရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် လူမင်း၊ စည်ဖြိုး၊ ခင်လှိုင်နဲ့ တက္ကသိုလ်ဂွမ်းပုံတို့က အလှူငွေတွေ ပါဝင်ထည့်သွင်းထားတယ်လို့ ခင်လှိုင်က ပြောပါတယ်။

Photo: Khaing Hlaing



ခင်လှိုင်ဟာ ၅ ကြိမ်မြောက် ဟာသရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် အလှူငွေပါဝင်ကြတဲ့ အနုပညာရှင်တွေကို အခုလို ပြောပြထားပါတယ်။ သူကိုယ်တိုင်ကလည်း ဒီအတွက် ဝမ်းသာနေတယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်တို့ ဇဝနဖေါင်ဒေးရှင်းရဲ့ ၅ ကြိမ်မြောက်သက်ကြီး ဟာသပညာရှင်ကြီးများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလှုငွေပေးအပ်လှုဒါန်းဖို့ ဒီလမှ ာကံထူးသွားတဲ့ ဟာသပညာရှင်ကြီး ရုပ်ရှင်သရုပ်ဆောင်ဦးချစ်စရာကို ဝိုင်းဝန်းလှုဒါန်းကြသော အလှုရှင်များကို ဝမ်းသာပီတိများစွာဖြင့် တင်ပြပါရစေခင်ဗျာ’’ ဆိုပြီးတော့ ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။



Photo: Khaing Hlaing

ဒီအလှူမှာတော့ သရုပ်ဆောင် အကယ်ဒမီ ကိုလူမင်း+မခင်စပါယ်ဦးမိသားစုက ငွေကျပ် ၂ သိန်း၊ ကိုခင်လှိုင်+မအေးအေးပြုံးမိသားစု ၁သိန်း၊ သရုပ်ဆောင် စည်ဖြိုး ၃သောင်း၊ ကိုလတ်+အကယ်ဒမီဂွမ်းပုံ ၃သောင်း စသည့် အနုပညာရှင်တွေက လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။ နောက်ထပ် အနုပညာရှင်များစွာတို့ကလည်း ထည့်ဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အလှူငွေများကိုတော့ ဇူလိုင်လ ၅ ရက်နေ့အထိ ထည့်ဝင် လှူဒါန်းလို့ရတယ်လို့ ဆိုပါတယ်။


Photo: Khaing Hlaing

ခင်လှိုင်ဟာ ကျန်းမာရေးမကောင်းဖြစ်လို့ အလုပ်တွေ ဆက်မလုပ်နိုင်တော့တဲ့ သက်ကြီး လူရွှင်တော်ကြီးတွေကို တစ်လ တစ်ယောက်နှုန်းနဲ့ဇဝနဖောင်ဒေး ရှင်းတည်ထောင်ပြီး ထောက်ပံ့မှုတွေ ပြုလုပ်သွားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’တစ်လကို တစ်ယောက်နှုန်းနဲ့ မဲနှိုက်ပြီးရွေးမယ်။ မဲပေါက်သွားတဲ့သူကို ကျွန်တော်တို့ မီဒီယာက ၁ သိန်း၊ ကျွန်တော်က ၁ သိန်း၊ ကျန်တဲ့ အလှူရှင်တွေကလည်း လှမ်းလှူချင် လှူလို့ရတယ်။ တခြား လူရွှင်တော် တွေကလည်း ကိုယ်တိုင် လိုက်လှူချင်လည်း ရတယ်၊ ပြီးတော့ သူ့အတွက် ဘဏ်အကောင့်လည်း ဖွင့်ပေးထားမယ်၊ ကံကောင်းချင်ရင်တော့ တစ်ရက်တည်းကို ၁၀ သိန်းလောက်ရချင်လည်း ရသွားနိုင်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Khaing Hlaing

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၅နှစ် ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူ့ကိုတော့ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အခုလက်ရှိအချိန်အထိ ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်လျက်ရှိနေတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က