တစ်နှစ်တန်သည်၊ နှစ် နှစ်တန်သည် စောင့်ခဲ့ရတာချည်းပဲ။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေဟာ သီချင်းထွက်ပြီးပြီးချင်းအချိန်မှာ အောင်မြင်မှုရတာနည်းတယ်လို့ ဆိုပါတယ်။ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းကလည်း တစ်နှစ်အကြာမှသာ အောင်မြင်လာတဲ့ သီချင်းဖြစ်တယ်လို့ စိုင်းစိုင်းကပြောပါတယ်။

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်က သူ့ သီချင်းတွေရဲ့ အောင်မြင်မှုအပေါ် အခုလိုပြောပြလာပါတယ်။ လက်ရှိအောင်မြင်မှုရနေတဲ့ ‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းကလည်း ထွက်ရှိပြီး ၁ နှစ်ကျော်အကြာမှသာ အောင်မြင်မှုရရှိလာတာဖြစ်တယ်လို့ သူကဆိုပါတယ်။ 

‘’တောဂေါ်လီက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၀၇ April ၁ ရက်နေ့က ထွက်တာပါ တစ်နှစ်လုံး ဘာသံမှမကြားရဘဲ နောက်နှစ် ၂၀၀၈ ကျတော့ ဘယ်သွားသွားကြားနေရတဲ့သီချင်း ဖြစ်ခဲ့ဖူးတယ်။ အခု ကျွန်တော်တို့ရဲ့ ငါ့ရည်းစားကပိုမိုက်တယ် သီချင်းက မနှစ်က April ၁ ရက်နေ့မှာထွက်တယ် တစ်နှစ်အကြာမှာတော့ JOOX မှာ ၂ ပတ်ဆက်တိုက် နံပါတ်တစ် ဖြစ်လာပါပြီ။ အားပေးတဲ့ပရိသတ်များကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။ Sai’’ ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီ ၁၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Sai Sai

‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းဟာ City FM ၂၇ နှစ်ပြည့် ပွဲမှာ စိုင်းစိုင်း၊ နန္ဒစိုင်း၊ ဂျွန်၊ ဘန်နီဖြိုး၊ ကိကိကျော်ဇော၊ Snare နဲ့ G-Fatt တို့ အဖွဲ့ အတူတူ အားပါးတရ သီဆိုဖျော်ဖြေပြီးနောက်ပိုင်း ပရိသတ်အားပေးမှု ပိုမိုရရှိလာတဲ့ သီချင်းဖြစ်ပါတယ်။ အဲဒီနောက် ဒီ သီချင်းလေးရဲ့ MTV ကိုလည်း Animation အမိုက်စားတွေနဲ့ ၇ လ ကြာအောင် ပုံဖော်ခဲ့ရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ စိုင်းစိုင်းက ဖြေဆိုထားတာ တွေ့ရပါတယ်။ အခုဆိုရင်တော့ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’ လူငယ်ပိုင်းအရွယ်၊ ကလေးအရွယ် တို့ရဲ့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်လို့နေပါပြီ။ သင်္ကြန်မှာလည်း မဏ္ဍာပ်တိုင်းမှာ မပါမဖြစ် ဖွင့်ရတဲ့ သီချင်းဖြစ်ခဲ့ပါသေးတယ်။

Photo: Sai Sai

အဲဒီနောက် စိုင်းစိုင်းက သူ့ရဲ့ သီချင်းတွေဟာ ထွက်ထွက်ချင်းမှာ အောင်မြင်မှုချက်ချင်းရခဲ့တာ မဟုုတ်တဲ့အကြောင်း ပြောပြလာပါတယ်။

‘’ကျွန်တော့်သီချင်းတွေဟာ ထွက်ထွက်ချင်းဘယ်တော့မှ မပေါက်ဘူး အနည်းဆုံး တစ်နှစ်တန်သည် နှစ်နှစ်တန်သည် စောင့်ခဲ့ရတာချည်းပါပဲ။ ဖေဖော်ဝါရီမှတ်တမ်းထွက်တုန်းက ပထမခြောက်လ တစ်နှစ်နီးပါးလောက် ဘယ်မှသိပ်မရောက်လို့ စိတ်ညစ်နေခဲ့ဖူးတယ်’’ လို့ သူကဆိုပါတယ်။

Photo: Sai Sai

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က