အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ဂျူးဂျူးကေကတော့ ထီ ၅ သောင်းဆု ၃ ဆုပေါက်လို့ ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးအကြိမ် ထီပေါက်တာပါတဲ့။

Photo: Ju Ju K



သရုပ်ဆောင်ဂျူးဂျူးကေ ကတော့ ပထမဆုံးအကြိမ် ထီပေါက်လို့ ဝမ်းသာပီတိဖြစ်နေပါတယ်။ အလှူလုပ်ရင်း ခက်ခက်ခဲခဲ ရှာထိုးခဲ့ရတဲ့ ထီဖြစ်တာကြောင့်လည်း ပိုပြီးတော့ ပျော်တယ်လို့ သူကဆိုပါတယ်။

‘’ပထမဆုံးအကြိမ် ထီပေါက်ဖူးပြီ။ ပြီးခဲ့တဲ့လက ပဲခူးမျက်မမြင်ကျောင်းမှာ " ထာဝရအလင်းအိမ် " မိသားစုဝင်များနဲ့ အလှူသွားလုပ်တာ အပြန်မှာ နာရေးကားလည်း ( ၃ ) စီးတွေ့တယ်။ စီးသွားတဲ့ကားကလည်း ကားဘီးပေါက်တယ်။ ပေါက်တဲ့နိမိတ်တွေတော့ပြနေပြီ ၊ထီထိုးမယ်ဆိုပြီး အင်းတကော်မှာ မနည်းလိုက်ရှာပြီးထီစုထိုးခဲ့တာ ငါးသောင်းဆု သုံးဆု " ၁၅၀,၀၀၀ " ပေါက်တယ်လေ။’’ ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Ju Ju K

ထီပေါက်လို့ရတဲ့ ငွေ အကုန်လုံးကိုတော့ ‘’ထာဝရအလင်းအိမ်’’ ဆိုတဲ့ အလှူအသင်း ထဲကိုပဲ ပြန်ပြီးတော့ ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။

‘’ခုနှစ်ယောက်လုံး အသင်း ရဲ့ ငွေပဒေသာပင်ထဲအကုန်ပြန်လှူကြတယ်။နောက်တစ်ခါအလှူ ကို တန်ဆောင်မုန်းလပြည့်မှာ ပြင်ဦးလွင်မှာကထိန်ခင်းမယ်။ အဲ့အခါကျရင်လဲ ထီထပ်ထိုးအုံးမယ်။ ဆုကြီးကြီးပေါက်ရင် အလှူကြီးကြီးလုပ်ချင်တယ်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။

Photo: Ju Ju K

ဂျူးဂျူးကေဟာ အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက် အနေနဲ့ စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက် တယောကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ သူမရဲ့ ပညာကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိခဲ့ကြပါတယ်။ ဂျူးဂျူးကေဟာ မကြာသေးခင်က ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘’Now & Ever ‘’(ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲလည်းရိုက်ကူးနေတာ တွေ့ရသလို အလှူအတန်းတွေလည်း လုပ်ဖြစ်နေတာကိုတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က