ပရိသတ်တွေကို လွမ်းနေမယ်တဲ့။

ဖွေးဖွေးက ဧပြီ(၁) ရက်နေ့မှာ သူနိုင်ငံခြားမှာ အပြီးပြောင်းနေတော့မယ်ဆိုတဲ့ အကြောင်း ပရိသတ်တွေကို အသိပေးလိုက်တာပါ။

Photo : ဖွေးဖွေး



မကြာသေးခင်ကမှ အကယ်ဒမီဆုကြီးကို ပူပူနွေးနွေး ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဖွေးဖွေးက နိုင်ငံခြားမှာ အပြီးပြောင်းနေတော့မယ်ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကို ပြောထားတာတွေ့ရပါတယ်။ ပရိသတ်တွေကိုလည်း လွမ်းနေပ့ါမယ်လို့ ဆိုပါတယ်။

နိုင်ငံခြားမှာပဲ အပြီးပြောင်းနေတော့မလို့..တာ့တာ..လွမ်းနေမယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာဧပြီ(၁) ရက်နေ့က ရေးသားထားတာ ဖြစ်ပါတယ်။

Photo : ဖွေးဖွေး

ဖွေးဖွေးအနေနဲ့ အဲဒီ စာကို April Fool အနေနဲ့ စနောက်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကလည်း သူမစနောက်ထားတာ ကြိုသိနေကြပေမယ့်လည်း နိုင်ငံခြားမှာ အပြီးပြောင်းနေတော့မယ်ဆိုတဲ့ စကားနဲ့တော့ မစပါနဲ့ဆိုပြီး စိတ်မကောင်းစွာ ပြောထားကြတာလည်း တွေ့ရပါတယ်။

ဖွေးဖွေးက လက်ရှိမှာ ကားအက်ဆီးဒင့် ဒဏ်ရာကြောင့် ရိုက်ကူးရေးတွေ နားထားပေမဲ့လည်း ပွဲလေးတွေတော့ တက်ဖြစ်နေတာတွေ့ရပါတယ်။ ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။

Photo : ဖွေးဖွေး

ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က