အခုထိတိုင် အောင်မြင်နေဆဲပါ။

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။

Photo : မုန်းစွဲ



ပြည်တွင်းမှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ “မုန်းစွဲ”  ရုပ်ရှင်ဇာတ်ကားကြီးဟာ စင်ကာပူနိုင်ငံက ပရိသတ်တွေက ပရိသတ်တွေကြားလည်း အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အခုဆိုရင် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုုင်ငံမှာ ရုံတင်ပြသခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံမှာ ရှိတဲ့ Central World Shopping Center ရုပ်ရှင်ရုံအပါအဝင် ထိုင်းနိုင်ငံမြို့အနှံ့မှာ ၂၀၁၉ မေလ (၉) ရက်နေ့မှ စတင်ပြီး ရုံတင်ပြသခွင့်ရပြီလို့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

Photo : မုန်းစွဲ

“ထိုင်းနိုင်ငံ၏ နာမည်ကြီးရုပ်ရှင်ရုံအုပ်စုဖြစ်တဲ့ SF Cinema အုပ်စုရဲ့ ဘန်ကောက်မြို့ Central World Shopping Center ရုပ်ရှင်ရုံအပါအဝင် ထိုင်းနိုင်ငံမြို့အနှံ့မှာ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး ၂၀၁၉ မေလ(၉)ရက်နေ့မှ စတင်ပြီးရုံတင်ပြသခွင့်ရပါပြီ Distribution အပိုင်းတာဝန်ယူစီစဉ်ပေးပါသော Golden Hour Film Production Thailand ၏ Facebook Page မှာလည်း ရုံတင်စာရင်းများကို အသေးစိတ်ကြော်ငြာပေးသွားပါမည်။” ဆိုပြီး ဧပြီ(၁၉) ရက်နေ့က ဖော်ပြထားတာပါ။

Photo : မုန်းစွဲ

ထိုင်းနိုင်ငံတွင် ရုံတင်ပြသချိန်မှာလည်း ပါဝင်တဲ့ သရုပ်ဆောင်များက ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာပရိသတ်များနဲ့ တွေ့ဆုံခွင့်ရဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပြည်တွင်းရုပ်ရှင်ရုံကြီးများမှာ အချိန်အကြာဆုံး ပြသနိုင်ခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပြီး ပရိသတ်တွေရဲ့ တောင်းဆိုမှုများကြောင့် သင်္ကြန်မကျခင် အချိန်မှာလည်း ထပ်မံ ပြသခဲ့တာဖြစ်ပါတယ်။

Photo : မုန်းစွဲ

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် အကယ်ဒမီပေးပွဲကြီးမှာလည်း မုန်းစွဲ ရုပ်ရှင်ဇာတ်ကားဟာ အကယ်ဒမီလေးဆု ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ဒါရိုက်တာဆု၊ ဇာတ်ပို့ဆု၊ အသံဆုနဲ့ ဓာတ်ပုံဆုတွေကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ



က္က