လှူချင်နေတဲ့ အလှူတစ်ခု အထမြောက်ခဲ့ပြီတဲ့။

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက ဒီနေ့ သူမလှူချင်နေတဲ့ အလှူတစ်ခု အထမြောက်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဆိုက်ကားနင်းပြီး အသက်မွေးဝမ်းကြောင်း ပြုနေရတဲ့ ကာယလုပ်သားတွေအတွက် ထီးအချောင်း (၃၀) ကို လှူဒါန်းခဲ့တာပါ။

Photo : ခိုင်နှင်းဝေ



ခိုင်နှင်းဝေဟာ ဒီနေ့မှာ သူမလှူချင်နေတဲ့အလှူတစ်ခု အထမြောက်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ မွေးနေ့ကတည်းက လှူဖို့ရည်မှန်းထားပေမယ့် မလှူဖြစ်ခဲ့တာကြောင့် သူမရဲ့ စိတ်ကူးလေးကို ဒီနေ့မှာ အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။

ဒီနေ့(ဧပြီ၁၇ရက်)နှစ်ဆန်းတစ်ရက်နေ့မှာ ဆိုက်ကားနင်းပြီး အသက်မွေးဝမ်းကြောင်း ပြုနေရတဲ့ ကာယလုပ်သားတွေအတွက် ထီးအချောင်း(၃၀) တပ်ဆင်လှူဒါန်းပေးခဲ့ပါတယ်တဲ့။

Photo : ခိုင်နှင်းဝေ

လှူချင်သော အလှူတခု အထမြောက်အောင်မြင်ခဲ့ပါပြီ... မွေးနေ့ကတည်းက လှူဖို့ရည်မှန်းထားပေမယ့် မလှူဖြစ်ခဲ့လို့ ဒီနေ့ နှစ်ဆန်း၁ရက်နေ့မှာလှူဒါန်းခဲ့ပါတယ်ရှင် ...ကျွန်မတို့ အဲကွန်းလေးနဲ့ကားစီးပြီး အမြဲသွားနေရတဲ့သူတွေတောင် နွေရာသီရဲ့အပူဒဏ်ကို ပြင်းထန်စွာ ခံစားနေရတာ,,, တနေကုန်နေပူထဲမှာ ဆိုက်ကားနင်းနေရတဲ့ ကာယလုပ်သားတွေ ဘယ်လောက်တောင်ပူလိုက်မလဲဆိုတဲ့ စိတ်ကူးနဲ့ ဆိုက်ကားအစီးရေ ၃၀ အတွက် ဆိုက်ကားထီးအချောင်း ၃၀ တပ်ဆင်လှူဒါန်းပေးခဲ့ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၇) ရက်နေ့က ရေးသားထားတာပါ။

Photo : ခိုင်နှင်းဝေ

သူမလှူချင်နေတဲ့ အလှူတစ်ခုအထမြောက်သွားလို့ ဝမ်းသာပီတိဖြစ်နေသလို သူမရဲ့ ပရိသတ်တွေကတည်း သူမအလှူအတွက်ပြော မပြတတ်အောင် ကြည်နူးနေကြပါတယ်။

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က