ဂမ္ဘီရမျက်လုံး ရှုတင်ရိုက်ကွင်းမှာ ဖြစ်ပါတယ်။
အလင်းရောင်တစ်ယောက် ဂမ္ဘီရမျက်လုံးရိုက်ကွင်းမှာ ဒဏ်ရာရသွားခဲ့တာပါ။ ဖောင်စီးတဲ့အခန်း ရိုက်ရာမှာ ဖောင်ပေါ်မှာ တင်ထားတဲ့ ဓါးနဲ့ မတော်တဆထိမိပြီး ခြေထောက်ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။

Photo : ကျော်သူ



အလင်းရောင်ဟာ ဂမ္ဘီရမျက်လုံး ရုပ်ရှင်ဇာတ်ကားကြီးကို ရွှေသမီးနဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ကူးရင်း ဓါးနဲ့ မတော်တဆထိမိပြီး ခြေထောက်ဒဏ်ရာရသွားခဲ့တယ်လို့ ကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာ တွေ့ရပါတယ်။

အလင်းရောင် ခြေထောက်သွေးမြေကျတဲ့နေ့။ အလင်းရောင်နှင့်ရွှေသမီးတို့ ယနေ့နံနက်တွင် ဖေါင်စီးခန်းရိုက်ရာ ဖေါင်ပေါ်တွင်တင်ထားသည့် ဓါးနှင့်မတော်တဆ ထိမိကာခြေထောက်ဒဏ်ရာရကာ သွေးမြေခခဲ့ရပါသည်။ နာကူ(ရန်ကုန်)မှအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှပိုးသတ်ဆေးဖြင့်ဆေးကြောကာ ဆေးထည့်ပေးခဲ့ပါသည်” ဆိုပြီး ကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၁၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ကျော်သူ

အလင်းရောင်ဟာ ဒဏ်ရာရသွားခဲ့ပေမယ့်လည်း ညဖက်ဇာတ်ဝင်ခန်းတွေကို မငြီးမငြူနဲ့ ဆက်လက်ရိုက်ကူးပေးတာကြောင့် ကျော်သူကလည်း ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

ထိခိုက်ဒဏ်ရာရခဲ့သော်လည်း မင်းသားအလင်းရောင်သည် မငြီးမငြူ ညဖက်ဇာတ်ဝင်ခန်းအား ည(၁၀:၀၀)နာရီအထိ ရိုက်ကူးပေးခဲ့ခြင်းအပေါ် မိမိ များစွာလေးစား ကျေးဇူးအထူးတင်မိပါတော့သည်။” ဆိုပြီး ကျောက်သူက ပြောထားပါသေးတယ်။

Photo : ကျော်သူ

အလင်းရောင်ရဲ့ ပရိသတ်တွေကလည်း အလင်းရောင်ရဲ့ဒဏ်ရာ အမြန်ဆုံး သက်သာစေဖို့အတွက် ဆုတောင်းပေးထားတာတွေလည်း တွေ့ရပါတယ်။

ဂမ္ဘီရ မျက်လုံး ရုပ်ရှင်ဇာတ်ကားကြီးကို ကျော်သူရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ “ဝရဇိန်” ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒုတိယမြောက် ရိုက်ကူးတဲ့ ဇာတ်ကားကြီးဖြစ်ပြီး ဒါရိုက်တာကျော်သူက ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo : ကျော်သူ

ဂမ္ဘီရမျက်လုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ အလင်းရောင်၊ ပြေဇင်နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှု အများကြီးရရှိလာခဲ့တာပါ။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ် ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က