Ei Ei Myat

ဝတ်မှုံရွှေရည်က မွေးနေ့မရောက်ခင်ကတည်းက ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တာပါ။ မွေးနေ့မှာတော့ ရုပ်ရှင်ရိုက်ကူးရေးနဲ့ တိုက်နေလို့ မွေးနေ့ပွဲ လုပ်မလုပ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

Photo : Li John Photography

ဝတ်မှုံရွှေရည်က မွေးနေ့လေးမှာ “တိမ်တွေပေါ်ကပန်း” ဇာတ်ကားရိုက်ကူးရေးနဲ့ ခရီးသွားရမှာဖြစ်လို့ မွေးနေ့မလုပ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူမရဲ့ သူငယ်ချင်းတွေက ခရီးမသွားခင်မှာ မွေးနေ့ပွဲလေး ပြုလုပ်ပေးခဲ့တာကြောင့် အရမ်းကို ပျော်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဒီနှစ်မွေးနေ့ ခရီးသွားရမှာမို့ဘာမှ မလုပ်တော့ဘူးစဉ်းစားထားတာ မနေ့က surprise ပွဲလေး လုပ်ပေးကြတဲ့သူများ ဂျာ ဂျာ ZawMoeHein ၊ ချစ်သော Thi HaTun အစ်ကို SawKo YuMawနဲ့ အချိန်ပေးပြီး အတူတူပျော်ကြတဲ့သူတွေအရမ်းအရမ်းကျေးဇူးတင်ပါတယ်။ညက အရမ်းပျော်ရပါတယ်လို့ ပျော်စရာကောင်းတဲ့ Private ပွဲလေးအတွက် KER က အမငယ်ကိုလည်း အထူးကျေးဇူးပါရှင် FannyFee” ဆိုပြီး သြဂုတ်လ(၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : Li John Photography

သူမရဲ့ ပရိသတ်တွေကိုတော့ ခရီးက ပြန်ရောက်မှ ဆုံကြမယ်နော်ဆိုပြီး ပြောထားပါသေးတယ်။

“ဒီနှစ်မွေးနေ့က တိမ်တွေပေါ်ကပန်း ဇာတ်ကားရိုက်ကူးရေးနဲ့ ခရီးရောက်နေမှာဆိုတော့ ဘာမှ မလုပ်ဖြစ်လို့ KFC လေးတွေ ဝမ်းမနည်းကြပါနဲ့လို့ ပြန်လာတာနဲ့ မွေးနေ့အတွက်ကော ပေါင်းပြီးအလွမ်းသယ်ကြမယ်နော်” ဆိုပြီး ပြောထားပါသေးတယ်။ဝတ်မှုံရွှေရည်က မွေးနေ့ကတော့ သြဂုတ်လ(၁၀) ရက်နေ့ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကတော့ သူမရဲ့ အသက်(၃၁) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။

Photo : Li John Photography

ဝတ်မှုံရွှေရည်ဟာ သူမရဲ့ မွေးလအစမှာလည်း တရားစခန်းဝင်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“မွေးနေ့လဖြစ်တဲ့အတွက်တရားစခန်းဝင်ပြီးကုသိုလ်ပြု ဖြစ်တယ်။ဤကုသိုလ်တို့ ကြောင့် ခုနှစ်ရက်သားသမီး အပေါင်း ဘေးရန်ခပ်သိမ်းကင်းကြပါစေ ဒေါသခပ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ... လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ဗုဒ္ဓဂုဏ်တန်ခိုးဖြင့်အေးချမ်းကြပါစေ” ဆိုပြီး သြဂုတ်လ(၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။ သူမဟာ မှော်ဘီမြို့နယ်မှာ ရှိတဲ့အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ တရားစခန်းဝင်ရင်း ကုသိုလ်တွေ ယူနေတာ ဖြစ်ပါတယ်။

Photo : Li John Photography

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က