ချစ်ဖို့ကောင်းလိုက်တာ ။
သရုပ်ဆောင် ဝါဆိုမိုးဦးက ချစ်သူ ဖြိုးလေးအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောထားသလို ချစ်သူအတွက် ရိုမန့်တစ်ဆန်ဆန်မွေးနေ့ Surprise လေးကိုလည်း လုပ်ပေးခဲ့ပါတယ်။

Photo : ဖြိုးလေး



ဒီနေ့(မတ်လ၂၁ရက်)က အဆိုတော် ဖြိုးလေးရဲ့ မွေးနေ့ပါ။ သူ့ရဲ့ မွေးနေ့မှာ ချစ်သူ ဝါဆိုမိုးဦးက ရိုမန့်တစ် ဆန်ဆန် မွေးနေ့ Surprise လေး လုပ်ခဲ့ပါသေးတယ်။ ဝါဆိုရဲ့ မွေးနေ့ Surprise ကြောင့် ဖြိုးလေးတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။

Happy Birthday to me Surprise လုပ်ပေးလို့ကျေးဇူးပါ ငါ့သဲလေး"ဆိုပြီး ဖြိုးလေးရဲ့ ဖေ့စ်ဘွတ်မှာ ဒီနေ့(မတ်လ၂၁ရက်)မနက်က ရေးသားထားပါတယ်။

Photo : ဖြိုးလေး

ဝါဆိုက ဖြိုးလေးတည်းတဲ့ ဟိုတယ်အခန်းလေးမှာ နှင်းဆီပန်းတွေ၊ ဘောလုံးလေးတွေနဲ့အလှဆင်ပြီး မွေးနေ့ကိတ်လေးနဲ့အတူ မွေးနေ့Surprise လေးလုပ်ပေးခဲ့တာပါ။ဝါဆိုမိုးဦးက ဖြိုးလေးအတွက် မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့အပြင် မွေးနေ့ဆုတောင်း စကားကိုလည်း ယခုလို ပြောထားတာတွေ့ရပါတယ်။

“Happy birthday အသဲလေး  မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ လိုအင်ဆန္ဒတွေပြည့်ဆုံပြီး ပရိတ်သတ်ချစ်တဲ့ အနုပညာရှင်အဖြစ် အမြဲရပ်တည်နိုင် ပါစေ”ဆိုပြီး ဝါဆိုက မွေးနေ့ဆုတောင်းစကားလေး ပြောထားတာပါ။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က လက်ရှိမှာ ငပလီရောက်နေတာ ဖြစ်ပြီး မွေးနေ့ကိုလည်း ငပလီမှာဘဲ ဖြတ်သန်း ဖြစ်တာပါ။

Photo : ဖြိုးလေး

ချစ်သူသက်တမ်း (၃) နှစ်ကျော်သွားပြီဖြစ်တဲ့ သူတို့စုံတွဲလေးရဲ့ အချစ်ရေးက အရမ်းကို သာယာလွန်းလှပါတယ်။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ ဖြိုးလေးက ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က “ဘာတွေဖြစ် “ ဆိုတဲ့ တေးသီချင်းကို ထွက်ရှိထားပါသေးတယ်။ အဲဒီအခွေထဲမှာလည်း ဝါဆိုနဲ့အတူ ဆိုထားတဲ့ သီချင်းလေးတွေ ပါဝင်ပါသေးတယ်။ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။

 ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က