အရေးတကြီးလိုအပ်နေတဲ့ ဒေသတွေမှာ အသုံးပြုဖို့အတွက်ပါ။

နေတိုးကတော့ ရခိုင်ပြည်နယ် အတွင်းက ပိုးသတ်ဆေးဖြန်းဖို့ အရေးတကြီးလိုအပ်နေတဲ့ ဒေသတွေ အတွက် ပိုးသတ်ဆေးဖြန်းစက် တစ်လုံး လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

Photo: Ashin kumara



ရခိုင်လူမျိုးတစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ အကယ်ဒမီနေတိုး ကတော့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေအတွက် ပိုးသတ်ဆေးဖြန်းစက် တစ်လုံး လှူဒါန်းခဲ့တယ်လို့ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အသျှင်ကုမာရက ပြောပြလာပါတယ်။ 

" ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုး မိသားစုတို့က ရခိုင်ပြည်နယ် စစ်တွေမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့များတွင် အရေးတကြီးလိုအပ်နေတဲ့ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပိုးသတ်ဆေးဖြန်းတဲ့ စက်တစ်လုံးကို ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ပါစေ" ဆိုပြီးတော့ အလိုတော်ပြည့် ဆရာတော် အသျှင်ကုမာရ ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၂၄ ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က အမှတ်တရ ဓာတ်ပုံနှင့်တကွ ရေးသားထားတာဖြစ်ပါတယ်။ 

Photo: Ashin kumara

နေတိုးဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း သက်ကြီးလူရွှင်တော်များအတွက် ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် အနုပညာလောကသားတွေထဲက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကိုလည်း ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ပါသေးတယ်။ 

Photo: Ashin kumara

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ နေတိုးက Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ 

အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က