အိမ်ထောင်စု(၂၀) စာအတွက် လှူခဲ့တာဖြစ်ပါတယ်။

အဆိုတော်သားငယ်ကတော့ Covid ကာလအတွင်း စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ရခိုင်ပြည်သူ၊ ပြည်သားတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

Photo: Thar Nge



အဆိုတော် သားငယ်ကတော့ သြဂုတ်လ(၃၀) ရက်နေ့က အလိုတော်ပြည့်ကျောင်းတိုက်ကနေတဆင့် ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သားငယ်ရဲ့ အလှူအတွက် ဆရာတော် အသျှင်ကုမာရက ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ 

"အဆိုတော် သားငယ် နှင့် ကောင်းမြတ်မွန် မိသားစုတို့က - အိမ်ထောင်စု(၂၀)အတွက် (၅)သိန်းကျပ်ကို - ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အခြေခံပြည်သူများအတွက် - အခြေခံစားသောက်ကုန်(၁၈)မျိုးပါဝင်တဲ့၊ တစ်ဗူးကိုတစ်အိမ်ထောင်အတွက် ကျပ် (၂၅.၀၀၀) တန်းဖို့ရှိပြီ။ အခြေခံပြည်သူများအတွက် - ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ပါစေ" ဆိုပြီးတော့ ဆရာတော် အသျှင်ကုမာရရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သြဂုတ်လ (၃၀) ရက်နေ့ ညနေ (၃) နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Thar Nge

အဆိုတော်သားငယ်ကိုယ်တိုင်ကလည်း ရခိုင်လူမျိုး အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုချိန်မှာ ရခိုင်ပြည်နယ်အတွက် တတ်နိုင်သလောက် အကူအညီတွေ ပေးသွားမယ်လို့ သူက ဆိုပါတယ်။ 

" Covid-19 ရောဂါပိုးကြီးဟာ ရခိုင်ပြည်နယ်မှာ ကူးစက်မှုနှုန်း တအားမြန်နေတယ်။ ဒီ့အတွက် ရခိုင်ပြည်နယ် တစ်ခုလုံးကို မကူးစက်ဖို့ ကျွန်တော်တို့တွေက ကာကွယ်စောင့်ရှောက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ကျွန်တော်က အဆိုတော်တစ်ယောက် ဆိုပေမယ့် ကျွန်တော့်ကို အများကြီး Vote ပေးကြတယ်၊ အများကြီး အားပေးကြတဲ့ ပြည်နယ်သူ၊ ပြည်နယ်သားတွေကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် ကျွန်တော် တတ်နိုင်သလောက် အင်အားနဲ့ ခွန်အားပေးချင်ပါတယ်။ ကျွန်တော် တတ်နိုင်သလောက် အကူအညီပံ့ပိုးပေးလိုက်ပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Thar Nge

လက်ရှိမှာတော့ အဆိုတော် သားငယ်ဟာ ဂီတလှုပ်ရှားမှုတွေအတွက် သီချင်းအသစ်တွေဖန်တီးနေတာ ဖြစ်သလို အကြော်ရောင်းတဲ့ လုပ်ငန်းကိုလည်း ဆက်လက် လုပ်ကိုင်နေတုန်းလို့ သိရပါတယ်။ 

သူ့ကိုတော့ Myanmar idol (Season 2) ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဟာလည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က