အသက်(၃၉) နှစ်ပြည့် မွေးနေ့ အလှူလေးလုပ်ခဲ့တာ ဖြစ်ပါတယ်။

နေတိုးကတော့ မွေးနေ့ အလှူအဖြစ် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ Covid ကူးစက်ရောဂါ ကာကွယ်ရေးအတွက် စားနပ်ရိက္ခာလှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

Photo: Nay Toe



သရုပ်ဆောင် နေတိုးကတော့ စက်တင်ဘာလ(၉) ရက်နေ့တုန်းက အသက် (၃၉) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ မွေးနေ့ အလှူအဖြစ် ရခိုင်ပြည်နယ်အတွင်းက အိမ်ထောင်စု(၃၉) စု စားနပ်ရိက္ခာ လှူဒါန်းနိုင်ရေးအတွက် ငွေကျပ်(၉၇၅၀၀၀) ကို အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်ထံသို့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

"အလိုတော်ပြည့်ဆရာတော်ဘုရားကြီးအားဦးထိပ်ထားလျှက်၊ ဒီကနေ့ကျရောက်တဲ့ ရုပ်ရှင်သရုပ်ဆောင်/အဆိုတော်အကယ်ဒမီနေတိုး ရဲ့မွေးနေ့အထိမ်းအမှတ်ကုသိုလ်အဖြစ် ရခိုင်ပြည်နယ် အခြေခံပြည်သူ များအတွက် အိမ်ထောင်စု (၃၉)စု လှူဒါန်းပါတယ်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အခြေခံပြည်သူများအတွက် - အခြေခံစားသောက်ကုန်(၁၈)မျိုးပါဝင်တဲ့၊ တစ်ဗူးကိုတစ်အိမ်ထောင်အတွက် ကျပ် (၂၅၀၀၀) တန်ဖိုးရှိပြီ။ အခြေခံပြည်သူများအတွက် - ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ပါစေ" ဆိုပြီးတော့ အသျှင်ကုမာရ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: A Shin Kumara

ရခိုင်လူမျိုး တစ်ဦးလည်းဖြစ်၊ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ အကယ်ဒမီနေတိုးဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း သက်ကြီးလူရွှင်တော်များအတွက် ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် အနုပညာလောကသားတွေထဲက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကိုလည်း ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ပါသေးတယ်။ 

Photo: Nay Toe

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ နေတိုးက Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က