ဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းခဲ့ပါတယ်။

အဆိုတော် ပိုပိုဟာ မိခင်ဖြစ်သူနဲ့နေထိုင်ရင်း ပညာရေးကို ချို့တဲ့စွာ သင်ကြားခဲ့ရတဲ့ (၄) ဘာသာ ဂုဏ်ထူးရှင် မမိုးမိုးကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Po Po



အဆိုတော် ပိုပိုဟာ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး(၄) ဘာသာနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တဲ့ မိုးမိုး ဆိုတဲ့ ကျောင်းသူလေးကို သွားရောက်ဂုဏ်ပြုခဲ့တာ တွေ့ရပါတယ်။ မိုးမိုးရဲ့ အိပ်မက်လေးတွေကို တကယ်ဖြစ်လာစေချင်တယ်လို့ ပိုပိုက ပြောပါတယ်။ 

" အဖေမရှိပေမယ့် မိခင်နဲ့အတူ ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့ လေးဘာသာ ဂုဏ်ထူးရှင် ညီမလေး မိုးမိုး ဖြစ်ချင်တဲ့ ဆရာမတစ်ယောက်ဖြစ်ပြီး ညီမလေး ရဲ့ စိတ်ကူးအိပ်မက်လေးကို အကောင် အထည်ဖော်နိုင်ပါစေ။ ပိုပို ၊ ကိုဟိဏ်းသစ်နဲ့ သူငယ်ချင်းများ စုပေါင်းပြီး တတ်နိုင်သလောက် လှူဒါန်း ခဲ့ပါတယ်။ အခုလို ညီမလေး မိုးမိုးကို စေတနာအပြည့်နဲ့ ပညာသင်ကြားပေးခဲ့တဲ့ ဆရာလိုမျိုး ဆရာ ၊ ဆရာမတွေလည်း အများကြီးပေါ် ထွက်လာပါစေ" ဆိုပြီးတော့ သြဂုတ်လ ၁၃ ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပြီး အမှတ်တရ ဓာတ်ပုံတွေလည်း တင်ခဲ့ပါသေးတယ်။ 

Photo: Po Po

ပိုပို ဟာ အလှူအတန်း နဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ပါ။ ဇူလိုင်လ(၇) ရက်နေ့တုန်းကလည်း လှည်းကူးမြို့မှာရှိတဲ့ ရဟန်းသံဃာတော်ပေါင်း ၃၇၀ ကျော် သီတင်းသုံးလျှက်ရှိတဲ့ မဟာဝိဟာရ ကျောင်းတိုက် မြေတိုးချဲ့မယ့် အလှူမှာသူမနဲ့ အတူ ပရိသတ်များရဲ့ ကုသိုလ်အဖြစ် ငွေကျပ်(၁၁) သိန်းလှူဒါန်းခဲ့ပါသေးတယ်။ ဘုရား၊ တရား အလုပ်ကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာသူဖြစ်တာကြောင့် သူမရဲ့ စိတ်နေ စိတ်ထားကလည်း အရင်ကနဲ့ မတူအောင် ပြောင်းလဲ လာခဲ့ပြီလို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Po Po

ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က