အနုပညာကြေးတွေထဲက စုဆောင်းပြီး လှူခဲ့တာပါတဲ့။
Sabal Thwin

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်က ခိုင်နှင်းဝေ ရင်သွေးလေးများ ရိပ်မြုံမှာ ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။ ကလေးလေးတွေကိုလည်း အချိန်အကြာကြီး ထိန်းပေးခဲ့ကြပါတယ်တဲ့။

Photo: ခိုင်နှင်းဝေ



အဆိုတော် ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ် တို့ ညီအစ်မ နှစ်ယောက်က သူတို့ရဲ့ အနုပညာကြေးက ရတဲ့ ငွေကြေးတွေကိုစုပြီး ခိုင်နှင်းဝေရဲ့ ‘’ရင်သွေးလေးများ ရိပ်မြုံ’’ဂေဟာမှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေကိုယ်တိုင်ကလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

‘’အဆိုတော် ကိုဂရေဟမ် ရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ညီမလေး ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ် ညီအမနှစ်ယောက်က သူတို့ရဲ့ အနုပညာကြေးလေးတွေထဲက စုစုပြီး ကျွန်မရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ မှာ ငွေကျပ် ၁၀သိန်း ကျပ်တိတိ မိသားစုလိုက် တူတူ လာရောက်လှူဒါန်းခဲ့ကြပါတယ်ရှင်’’ ဆိုပြီးတော့ သြဂုတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ခိုင်နှင်းဝေ

အဲဒီနောက် ကလေးလေးတွေနဲ့ အတူတူ အချိန်အကြာကြီး ဆော့ကစား ထိန်းကျောင်း ပေးခဲ့ကြတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရတယ်လို့ ခိုင်နှင်းဝေက ပြောပါတယ်။

‘’ကလေးတွေကိုချီပြီးကလေးထိန်း၊ နို့တိုက်ပေးရင်း ကလေးတွေနဲ့အကြာကြီးနေပေးကြရင်း မေတ္တာတွေပေးကြတယ်လေ။ ဒီမေတ္တာတွေက ကျွန်မ သားသမီးတွေအတွက် ခွန်အားပါပဲ။ သူတို့သိတတ်တဲ့အရွယ်ရောက်ရင် သူတို့ကို ချစ်ကြတယ်ဆိုတာသိစေမယ်လေ။ သာဓု သာဓု သာဓု ပါ ညီမလေးတို့ရေ အခုလို ကျွန်မသားသမီးတွေ ကို နွေးထွေးစွာ ချစ်ပေးကြလို့ လည်း ကျေးဇူးအများကြီးတင်ပါတယ်’’ လို့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။

Photo: ခိုင်နှင်းဝေ

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မ နှစ်ယောက်ဟာ အဆိုတော် ဂရေဟမ် ရဲ့ သမီးလေး နှစ်ယောက်ဖြစ်ပါတယ်။ သူမ တို့ ညီအစ်မ နှစ်ယောက်မှာတော့ ပန်းရောင်ခြယ်ဟာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပြီး ပညာရေးကိုလည်း သေသေချာချာ ကြိုးစားသင်ယူနေတာဖြစ်ပါတယ်။ သူမဟာ လက်ရှိ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ မိန်းမချောလေး တစ်ဦးဖြစ်ပါတယ်။ ပန်းသွန်းခြယ်ကတော့ ဂီတအလုပ်တွေကို ဝါသနာပါပေမယ့်လည်း ပညာရေးကို ပိုဦးစားပေးနေတာ တွေ့ရပါတယ်။

Photo: ခိုင်နှင်းဝေ

ခိုင်နှင်းဝေဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေး ၂၂ ယောက်ကို မွေးစားထားတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က