မင်းသွေး ပုံဖော်ခဲ့တဲ့သတ်ကွင်းကလည်း ဒီနေ့ပြပြီလေ။

လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ခံစားချက်တွေကို ရေးလေ့ရေးထ မရှိတဲ့ နေတိုးက ညီဖြစ်သူနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက် စာလေး တစ်ကြောင်း ရေးထားတာတွေ့ရပါတယ်.

မင်းသွေးကိုယ်တိုင် အားစိုက်ပြီး ကြိုးစားပုံဖော်ခဲ့တဲ့ သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကြီးက ဒီနေ့(ဒီဇင်ဘာ၁၄ရက်)မှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ သတ်ကွင်း ရုံမတင်ခင် တစ်ရက်မှာနေတိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ညီဖြစ်သူကို သတိရတဲ့အကြောင်း ပြောထားပါတယ်။နေတိုးဟာ သူ့ရဲ့ ခံစားချက်တွေကို လူမှုကွန်ယက်ပေါ်မှာ ဖော်ပြလေ့ရှိသူ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဇင်ဘာ(၁၃) ရက်နေ့မှာတော့ သူ့ရဲ့ ခံစားချက်လေးကို ယခုလို ရေးသားထားတာပါ။



“ကြိုမမြင်နိုင်သောမနက်ဖြန်များစွာအတွက် သတိရခြင်းများစွာဖြင့်......နေတိုး” ဆိုပြီး သူ့ရဲ့ ပေ့ချ်မှာ ရေးသားထားပါတယ်။ မင်းသွေးကို သတိရတဲ့အကြောင်း ရေးရင်း သတ်ကွင်း ရုပ်ရှင်ဇာတ်ကား ပုံကိုပါ အတူတွဲ တင်ထားတာ ဖြစ်ပါတယ်။နေတိုးဟာ မင်းသွေးမရှိတော့တဲ့ နောက်ပိုင်းမှာ မင်းသွေးကိုယ်တိုင် အားစိုက်ထုတ်လုပ်ပြီး ပုံဖော်ထားခဲ့တဲ့ သတ်ကွင်း ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သားညီ၊ စည်ဖြိုးအတူ တိုင်ပင်ကာ ကိုယ်တိုင်ကိုယ်ကျ လိုက်လုပ်ပေးခဲ့တာပါ။

သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း နေတိုးကိုယ်တိုင်က အထူးဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင် အဖြစ် ပါဝင်ထားတာ တွေ့ရပါတယ်။နေတိုးဟာ မင်းသွေးကွယ်လွန်ပြီး ဆက်တိုက်မှာလည်း ညီဖြစ်သူအတွက် ရည်စူးကာ အလှူအတန်းတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၀၁ခုနှစ်ကစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ခုနှစ် စက်တင်ဘာ(၉)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK modeling agency မှာ သင်တန်းတက် ရောက်ခဲ့ပြီး ဂီတအပိုင်းနဲ့ ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်တိုုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။နေတိုးဟာ အနုပညာ အရည်အသွေးပြည့်ဝ တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် နေတိုးဟာ ကိုယ်ပိုင်စတူဒီယိုတစ်ခုဖြစ်တဲ့ Story Book Movie Studio ကို မြောက်ဒဂုံမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ တော်ဝင် အိမ်ရာ၊ မြတ်လေးလမ်း၊ No.(G-10) နေရာမှာ ဖွင့်လှစ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က