ဆုခဏခဏ ရနိုင်သူကြီးဆိုပြီးခင်ပွန်းကို ပြောထားပါသေးတယ်။
Ei Ei Myat

ရွှေထူးကတော့ Joox Top 100 ပွဲမှာ ရခဲ့တဲ့ ဆုကို ရွှေမှုံအတွက်ဆိုပြီး ပြန်ပေးခဲ့တာပါ။

Photo : shwe htoo

အဆိုတော် ရွှေထူးကတော့ ချစ်ဇနီးလေးအတွက် ဘာမဆို ပေးဆပ်ဖို့ အသင့်ပါပဲတဲ့။ အခုလည်း Joox Top 100 ပွဲက ရလာတဲ့ JOOX Top Artist of the Year Awards  ဆုတံဆိပ်ကို ဇနီးအတွက်ဆိုပြီး ပြန်ပေးခဲ့တာပါ။ ဆုတံဆိပ်လေး ပေးရင်နဲ့ ယခုလိုလည်း ပြေထားပါသေးတယ်။

Brand တွေလည်းပေးမယ်... ပိုက်ဆံတွေလည်းပေးမယ်... ထူးချွန်ဆုတွေလည်းပေးမယ်... ဘဝကြီးလည်းပေးတယ်...ပြန်လိုချင်တာတော့ မင်းဆီကအချစ်တစ်ခုတည်းပါ” ဆိုပြီး ဖေဖော်ဝါရီ(၂၃) ရက်နေ့က ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : shwe htoo

ရွှေထူးရဲ့ ပို့စ်အောက်မှာ ရွှေမှုံက လည်း ရွှေထူးလိုချင်တဲ့ အချစ်တွေကို ပြန်ပေးမှာပါနော်ဆိုပြီး ပြန်ရေးထားပါသေးတယ်။ ဒါ့အပြင် ဆုတံဆိပ်တွေ ခဏခဏရတတ်တဲ့ ခင်ပွန်းကို ချီးကျူးထားပါသေးတယ်။  

နားလည်မှုလေးတွေနဲ့ တည် ဆောက်ထားတဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးလေးဟာ ပရိသတ်တွေ အားကျရတဲ့ အိမ်ထောင်ရေးလေးတစ်ခုဖြစ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် သည်းခံခွင့်လွှတ်မှုတွေ ရှိသလို တစ်ယောက်မကြိုက်တဲ့အရာလေးတွေကို တစ်ယောက်က ပြင်နိုင်အောင် အမြဲတမ်း ကြိုးစားလေ့ ရှိသူနှစ်ဦးပါ။ 

Photo : shwe htoo


ရွှေထူးနဲ့ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးကတော့ (၁)နှစ်ကျော်ထဲကို ရောက်ရှိနေပါပြီ။ ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ရွှေထူးကလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်သလို ရွှေမှုံရတီကလည်း တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။လက်ရှိမှာလည်း သူတို့နှစ်ဦးအတူ ပါဝင်သရုပ်ဆောင်နေတဲ့ “ကမ်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သားညီနဲ့အတူ ရိုက်ကူးပုံဖော်လျက်ရှိပါတယ်။



Author

  • Ei Ei Myat

    Senior Reporter


က္က