၁၈ ရက်ကျော်နေပြီလို့ပြောပါတယ်။

မေသက်ခိုင်ဟာ ဆင်တုပ်ကွေးကို ရက်အတော်ကြာခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို ဗဟုသုတရစေဖို့ ပြန်လည် ဝေမျှခဲ့ပါတယ်။ အခုချိန်ထိလည်း ဆေးကုသမှုခံယူနေရတုန်းပါပဲတဲ့။

Photo: May Thet Khine



သရုပ်ဆောင် မေသက်ခိုင်ဟာ ရာသီအလိုက်ဖြစ်ပေါ်နေတဲ့ ဆင်တုပ်ကွေး ရောဂါကို ရက်အတော်ကြာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ ဆင်တုပ်ကွေး စတင်ဖြစ်ပေါ်လာတဲ့ အနေအထားကိုလည်း သူမက အသေးစိပ်ပြောပြခဲ့ပါသေးတယ်။

‘’ဆင်တုပ်ကွေး စာနည်းနည်းရှည်ပါမယ်။  မေကြီး ဆေးရုံကဆင်းပြီး ၃ ရက်အကြာ ကိုယ့်ရဲ့အခြေအနေက  စလာပါတော့တယ်။ ပထမတစ်ရက်မှာ ညနေပိုင်းလောက်ကစပြီး လက်တွေကိုက်တယ် ရင်ဘတ်ရိုးကတအားအောင့်တယ်။ ခေါင်းလည်းဘယ်နဲ့ညာလှည့်မရ ဘာဖြစ်မှန်းလည်းမသိ၊ နေလို့မကောင်းတာတော့သေချာနေတော့ ဆေးသောက်ပြီးစောစောအိပ်မယ်ဆိုပြီးအိပ်တာလည်း လုံးဝအိပ်မပျော်၊ ည 3:30 လောက်မှာလုံးဝကိုမခံနိုင်အောင် ကိုက်ခဲလာတယ်။ အမှတ်မထင်လက်ကိုကြည့်လိုက်တော့ လက်မှာအနီစက်တွေပေါ်နေပြီ’’လို့ ဆိုပါတယ်။

Photo: May Thet Khine

သူမဟာ ဆင်တုပ်ကွေးကို စတင်ခံစားရချိန်က စပြီး ၁၈ ရက်တိုင်တိုင် ကိုယ်တွေလက်တွေ နာကျင်ကိုက်ခဲနေတုန်းပဲလို့ ဆိုပါတယ်။ ဒီအတောအတွင်းမှာလည်း သူမရဲ့မိခင်ဖြစ်သူက Facebook ပေါ်မှာတက်လာတဲ့ ဆေးနည်းတွေအတိုင်း စမ်းသပ်ပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

‘’ဘဝမှာတစ်ခါမှ ဒီလောက်ညှင်ညှင်သာသာလေးတွေမလုပ်ဖူးဘူး။ အိပ်ယာထဲကထဖို့အရေး  ရင်ဘတ်ရိုးကနာတော့ တည့်တည့်ထလို့မရ၊ ဘေးလေးကိုစောင်း လက်ကောက်ဝတ်ကနာတော့ ဖြည်းဖြည်းချင်းတစ်ဆင့်ချင်းထောက် လူကလဲမကျအောင် နံရံတွေဘီဒိုတွေကိုပဲလက်နဲ့ထိန်းပြီး မေကြီး အခန်းကိုတံခါးသွားခေါက်မေကြီး သမီးနေလို့မကောင်းတော့ဘူးဆိုပြီးလက်ကအနီစက်တွေကိုပါပြပြီး အမေ့အခန်းမှာအိပ်၊ အဲ့ဒီအချိန်ကတည်းက အုန်းရည်နဲ့ ensure ပဲသောက်ရတော့တာ။ အမေ့ရဲ့ fb ကဆေးနည်းတွေလာပါပြီ။ သင်္ဘောရွက်ပြုတ်ပြီးသောက်ရင်ချက် ခြင်းသက်သာတယ်ဆိုပြီး တစ်ခွက်ယူလာပေးတယ်။ ၁၈ ရက်မြောက်တဲ့နေ့အထိ မနက်နိုးတဲ့အချိန် ခြေဆစ် လက်ဆစ်နာပါတယ်။ နေ့လည်ကျအကောင်းပါ ညနေ ၆ နာရီကျော်ရင် ကိုယ်ပူပြီး ခြေတွေလက်တွေအသားကုန်ကိုက်ပါတော့တယ်’’ဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: May Thet Khine

ဒါပေမယ့်လည်း အခုချိန်ထိ ဆေးကုသမှု ခံယူနေရတုန်းပါပဲလို့ မေသက်ခိုင်က ပြောပါတယ်။ ဆင်တုပ်ကွေးရောဂါ ခံစားနေရသူတွေအတွက် အဓိက စားသောက်ဖို့ လိုအပ်တဲ့ အရာတွေကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။

‘’အခုအချိန်အထိလည်း အရိုး အကြော ဆရာဝန်နဲ့ ဆက်ပြီးပြနေရ ဆေးထိုးနေရတုန်းပါပဲ။ ခြေတွေလက်တွေနာနေကိုက်နေတုန်းဆိုပေမယ့် ညနေပိုင်းကိုယ်ပူတာပျောက်သွားပါပြီ။

ဆင်တုပ်ကွေးဆိုတာ မသေနိုင်တဲ့ရောဂါ ကာကွယ်ဆေးမရှိတဲ့ရောဂါပါ။ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေဆို

အဲ့ဒဏ်တွေဘယ်လိုမှမခံနိုင်မှာသေချာပါတယ်။ အုန်းစိမ်းရည်ကို မနက်ရော ညရောသောက်ပါတယ်။ Ensure သောက်ပါတယ်။ သင်္ဘောရွက်ပြုတ်လည်း ၁ ခွက်သောက်ပါတယ်။ ဂျင်းနဲ့ဆနွင်းနဲ့သံပုရာသီး ရော၊ ဂျင်းနဲ့ ကြက်သွန်ဖြူရော သောက်ပါတယ်။ ကွမ်းရွက်ပြုတ်ရည်ကတော့ ၂ ငုံပဲသောက်ပြီး ဆက်ကိုမသောက်နိုင်ဘူး။ အခြေအနေကအရမ်းအကောင်းကြီးမဟုတ်သေးပေမယ့် တော်တော်အဆင်ပြေနေပါပြီ။ ခြေဆစ်လက်ဆစ်တွေနာနေတာကတော့ မေကြီးရော ကိုယ်ရော ဆေးထိုး ဆေးသောက်နေရတုန်းပါပဲ ကိုယ်တိုင်ကြုံရတာမို့ ဗဟုသုတအနေနဲ့ပြောပြခြင်းပါရှင်’’ လို့ သူကဆိုပါတယ်။

Photo: May Thet Khine

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်(May Thet Khine)ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယိုဇာတ်ကား၊ မဂ္ဂဇင်းမျက်နှာဖုံး၊ ဂျာနယ် မျက်နှာဖုံးတွေနဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က