ပရိသတ်တွေရဲ့ အားပေးကြမ်းချက်ကြီးက မိုက်လိုက်တာ။
Ei Ei Myat

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် (၂)ရက်အတွင်းအခွေတွေ အများကြီးရောင်းခဲ့လို့ ဇဏ်ခီကလည်း ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုထားပါသေးတယ်။မဝယ်ရသေးတဲ့ ပရိသတ်တွေအတွက် အခွေတွေ ထပ်ထုတ်နေတယ်လို့ သိရပါတယ်။

Photo : Now & Ever

Now & Ever ရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းတွေပါဝင်တဲ့ Original Soundtrack အချပ်ရေ တစ်သောင်းကို (၂)ရက်အတွင်း ရောင်းချနိုင်ခဲ့တယ်လို့ Bo Bo Music Production က ကြေညာထားပါတယ်။

“ထာဝရနှောင်ကြိုး ( Now & Ever ) အခွေအရေအတွက် (၁၀၀၀၀) ကို (၂) ရက်အတွင်း ကုန်သွားသည့်အထိ အားပေးကြမ်းကြတဲ့ ပရိသတ်တွေကို အထူးပင်ကျေးဇူးတင်ရှိပါသည်” ဆိုပြီး နိုဝင်ဘာ(၁၈) ရက်နေ့က ပြောထားတာပါ။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် (၂)ရက်အတွင်းအခွေတွေ အများကြီးရောင်းရလို့ ဇဏ်ခီကလည်း ပရိသတ်တွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

Photo : AT Moe

မဝယ်လိုက်ရတဲ့ ပရိသတ်တွေအတွက်ကိုလည်း အခွေများထပ်ထုတ်နေပြီ ဖြစ်တာကြောင့် အခွေရမယ့်နေ့တွေကို ထပ်မံကြေညာသွားမယ်လို့ သိရပါတယ်။

Now & Ever Original Soundtrack ထဲမှာတော့ အမြဲတမ်း၊ ကယ်တင်ရှင်၊ In Your Eyes၊ လူယောင်ဆောင်၊ဖြတ်လိုက်တော့၊ putao၊ Mother၊ Now & Ever Theme Music၊ ရှင်သန်ခြင်း ရဲ့အဓိပ္ပါယ်(အချစ်ကြောင့်)စတဲ့ သီချင်းတွေ ပါဝင်ထားတာပါ။

Now & Ever ရုပ်ရှင်ဇာတ်ကားကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဇာတ်ဝင်တေးတွေကိုလည်း ပရိသတ်တွေကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။

Now & Ever ဇာတ်ကားကိုတော့ Central Base Productionsက စီစဉ်ပြီး လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူးဂျူးကေနဲ့ ကလေးသရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။



က္က