ရန်အောင်၊ လူမင်း၊ စင်ရော်မောင်မောင်၊ ညီနန္ဒ ၊ ဝေဠုကျော်၊ ဖွေးဖွေး နဲ့ စိုးပြည့်သဇင်တို့ရဲ့ ရင်ထဲက စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ဟာ ဇူလိုင် (၁၁) ရက်နေ့ မနက် (၉) နာရီ ၂၇ မိနစ်က သြစတေးလျနိုင်ငံ ကမ်ဘာရာ မြို့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အနုပညာ အသိုင်းအဝိုင်းက သရုပ်ဆောင် တော်တော်များများကလည်း စိတ်မကောင်းဖြစ်ရတာတွေကို အခုလို ရင်ဖွင့်ထားတာ တွေ့ရပါတယ်။ 




သရုပ်ဆောင် ကျော်ဟိန်းနဲ့ အတူတူ အနုပညာအလုပ်တွေ အတူတွဲ လုပ်ခဲ့ဖူးတဲ့ အကယ်ဒမီများရှင် ရန်အောင် ကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ 



သရုပ်ဆောင် လူမင်းကလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်အနုပညာရှင်ကြီး ဦးကျော်ဟိန်းရဲ့ စကားလေး တစ်ခွန်းကို ရေးသားရင်း ရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 




ဦးကျော်ဟိန်း သင်ပေးခဲ့တဲ့ ပညာတွေရှိခဲ့ဖူးတဲ့အကြောင်းကိုလည်း ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပြလာပါတယ်။ သရုပ်ဆောင် ဒွေး ကွယ်လွန်ခဲ့တာနဲ့ တစ်ရက်တည်းကွယ်လွန်ခဲ့တာကြောင့် ပိုပြီးတော့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ 


သရုပ်ဆောင် ညီနန္ဒ ကလည်း ဦးကျော်ဟိန်းဟာ သူ့အတွက် ဆရာတစ်ဦးဖြစ်တာကြောင့် ဝမ်းနည်းကြေကွဲနေတာ တွေ့ရပါတယ်။ 


အနုပညာအလုပ်ကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲ ဝင်ရောက်သွားတဲ့ ဝါရင့်သရုပ်ဆောင် ဦးကျော်ဟိန်း အတွက် မိသားစု နဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုလာပါတယ်။ 


ဇူလိုင် (၁၁) ရက်နေ့မှာ (၁၃) နှစ်အကွာ ကွယ်လွန်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဦးကျော်ဟိန်းနဲ့ သရုပ်ဆောင် ဒွေး အတွက် ဖွေးဖွေး ရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ 


စိုးပြည့်သဇင် ကလည်း သရုပ်ဆောင် ကျော်ဟိန်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေ အတူတူ မရိုက်ကူးခဲ့ဖူးပေမယ့် တကယ်တမ်း ကွယ်လွန်သွားတဲ့ အချိန်မှာ အင်မတန် စိတ်မကောင်းဖြစ်ရတာတွေကို အခုလို ရေးသားခဲ့ပါတယ်။ 



သရုပ်ဆောင် ကျော်ဟိန်း ကွယ်လွန်သွားတာကို ဝမ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ်နဲ့ အနုပညာရှင် တော်တော်များများရဲ့ Facebook Profile မှာလည်း အနက်ရောင်ပုံတွေ တင်ခဲ့ကြတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က