အလုပ်ချင်ဆုံး ဆန္ဒတွေထဲက တစ်ခုပါပဲတဲ့။

ဘောလုံးအားကစားကို ချာတိတ်ဘဝကတည်းက ရူးရူးမူးမူး ဝါသနာပါခဲ့တဲ့ ထွန်းထွန်းတစ်ယောက် သူဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။ သူအမှန်အကန် အားပေးတဲ့ မန်ယူအသင်းကို ကွင်းထဲအထိသွားပြီး ကိုယ်တိုင်ကိုယ်ကျ အားပေးရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားလို့ နေပါတယ်။

Photo : ထွန်းထွန်း



ထွန်းထွန်းကတော့ သူအမှန်အကန် အားပေးရတဲ့ မန်ယူအသင်းကို ကွင်းထဲမှာ ကိုယ်တိုင် သွားအားပေး ရတော့မှာမို့ စိတ်လှုပ်ရှားလို့ နေပါတယ်။ စင်ကာပူမှာ ပြုလုပ်မယ့် ခ မှာ မန်ယူပွဲကို သွားကြည့်မှာ ဖြစ်ပါတယ်။ ဘောလုံးအားကစားကို ချာတိတ်ဘဝကတည်း အရူးအမူး ဝါသနာပါတဲ့ သူ့အတွက် ဖြစ်ချင်တဲ့ ဆန္ဒ တစ်ခု မကြာခင် ပြည့်ဝတော့မှာပါ။

“Hello မင်္ဂလာပါခင်ဗျာ KKTT တစ်ယောက်က ဘောလုံးအားကစားကို ဟိုးချာတိတ်ကတည်းက ရူးရူးမူးမူးဝါသနာပါတာသိတယ်မလား။ ဘောလုံးကန်တာ ကိုတကယ်ဝါသနာပါတဲ့သူတိုင်းမှာ သူတို့အမှန်အကန် အားပေးတဲ့အသင်းတွေ ကိုယ်စီရှိတယ်ဗျာ။ ကျွန်တော်ကတော့ Manchester United Fan. ကျွန်တော့်လို ဘောလုံး crazy တွေအဖြစ်ချင်ဆုံးက ဘာဖြစ်မယ်လို့ ထင်ကြလဲ။ ကိုယ်လုံးဝကြွေပြီး အားပေးရတဲ့ အသင်းရဲ့ပွဲကို ကွင်းထဲမှာ ကိုယ်တိုင်အားပေးဖို့ပေါ့။ ဒါပဲပေါ့ဗျာ။ ကျွန်တော်တော့ ICC Singapore မှာ မန်ယူပွဲ သွားကြည့်ဖို့ အတွက် အရမ်းတွေ(တော်တော်ကြီးကို) စိတ်လှုပ်ရှားနေပြီ။ စင်ကာပူဆိုတာလည်း သွားလိုက်ပြန်လိုက် လုပ်နေတော့ ကိုယ့်အိမ်ကိုယ့်ယာလို နီးနီးနားနားဖြစ်နေပြီလေ။ မန်ယူအသင်းရဲ့ လက်ရှိကစားသမားတွေရယ် သူတို့ရဲ့ ခြေစွမ်းနဲ့ ကစားကွက်တွေကို ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ အားပေးရမယ်ဆိုတော့ ကျွန်တော့်တစ်သက်မှာ အလုပ်ချင်ဆုံးဆန္ဒ တွေထဲကတစ်ခုပဲဗျာ။ ကဲ... အဲ့ဆန္ဒက မကြာခင်ပြည့်တော့မယ်။” ဆိုပြီး ဇူလိုင်(၁၅) ရက်နေ့ကရေးသားထားတာတေ့ရပါတယ်။

Photo : ထွန်းထွန်း

ထွန်းထွန်းတစ်ယောက် သူဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်တော့မှာမို့အရမ်းကို ပျော်နေတာပါ။ အသင်းကြီးတွေရာသီကြို ပြင်ဆင်တဲ့အနေနဲ့ ယှဉ်ပြိုင်ကစားခဲ့ ICC ဖလားပြိုင်ပွဲကတော့ ဒီနှစ်မှာ စင်ကာပူနိုင်ငံမှာ ၂ ပွဲ ကစားမှာ ဖြစ်ပါတယ်။ မန်ယူနဲ့ အင်တာမီလန်အသင်း၊ ဂျူဗင်တပ်နဲ့စပါးအသင်းတို့ရဲ့ ပွဲစဉ်တွေကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီနှစ် ICC 2019 ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင်လာပြီး တရုတ်၊အင်္ဂလန်၊ဆွီဒင်၊ဝေးလ်၊စင် ကာပူနဲ့အမေရိကန်နိုင်ငံတွေက အိမ်ရှင်အဖြစ် လက်ခံကျင်းပကြမှာ ဖြစ်ပါတယ်။ မန်ယူနဲ့ အင်တာမီလန်ပွဲကတော့ ဇူလိုင်လ၂၀ ရက်နေ့မှာ ကစားမှာဖြစ်ပါတယ်။

Photo : ထွန်းထွန်း

ထွန်းထွန်းက လက်ရှိမှာ “ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပါတယ်။ ထွန်းထွန်းဟာ အနုပညာလောကထဲကို Examplez အဆိုတော်အဖွဲ့ဝင် ထွန်းထွန်း အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ အဲဒီနောက် သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားရင်း အခုဆိုရင်တော့ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ထွန်းထွန်းဟာ ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က