ငှက်ပျောကြော်၊ ဇင်မျိုး၊ ကျော်ဇော်လင်း၊ မျိုးမျိုးခိုုင်နဲ့ နေလင်းတို့က အလှူပြုလုပ်ပေးခဲ့တာပါ။
 သရုပ်ဆောင် ကင်းကောင် ကွယ်လွန်ခဲ့တာဟာ ဒီနေ့ဆိုရင် တစ်လတိတိပြည့်ခဲ့ပါပြီ။ တစ်လပြည့်တဲ့နေ့မှာ ဦးကင်းအတွက် ကျန်ရစ်သူ အနုပညာညီအစ်ကိုမောင်နှများက အလှူအတန်းတွေ ပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်။ 

Photo : မျိုးမျိုးခိုင်

သရုပ်ဆောင် ဦးကင်းကောင် ကွယ်လွန်ခဲ့တာဟာဆိုရင် ဒီနေ့(ဖေဖော်ဝါရီ ၂၂ရက်)မှာ တစ်လတိတိပြည့်လို့ သွားခဲ့ပါပြီ။ သူချစ်တဲ့ အနုပညာအလုပ်တွေ၊ ချစ်တဲ့မိသားစုကို ခွဲခွာသွားတာ တစ်လပြည့်ခဲ့ပါပြီ။ ဒီနေ့မှာ ကျန်ရစ်သူ မိသားစုနဲ့အတူ အနုပညာမောင်နှမတွေက သူ့အတွက် အလှူအတန်းတွေ ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

Photo : မျိုးမျိုးခိုင်

ဦးကင်းအတွက် အလှူအတန်းတွေ ပြုလုပ်ပေးနေရင်းနဲ့ ကောင်းမွန်သော ဘဝလေးကို ရရှိဖို့ကိုလည်း ဆုတောင်းပေးထားကြပါသေးတယ်။

“ဦကင်းတစ်လပြည့်အလကာင်းမွန်သောဘဝကိုရရှိပါစေ” ဆိုပြီး သရုပ်ဆောင် မျိုးမျိုးခိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ အချိန်တွေ ကုန်ဆုံးသွားတာ မြန်ပေမယ့် ဦးကင်းတစ်ယောက် အားလုံးကို နှုတ်ဆက်သွားတာဟာ မနေ့တစ်နေ့ကလိုပဲ ခံစားရတယ်လို့ ပရိသတ်တွေက ရင်ဖွင့်ထားပါသေးတယ်။

Photo : မျိုးမျိုးခိုင်

ပရိသတ်များရဲ့ အချစ်တော် ဟာသသရုပ်ဆောင်ဦးကင်းကောင်ဟာ ဇန်နဝါရီ(၂၂) ရက်နေ့ မနက်(၆)နာရီက ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် လူရွှင်တော် ကင်းကောင်ရဲ့ ဈာပနကိုတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဦးကင်းကောင်ရဲ့ နောက်ဆုံးခရီးကို မိသားစုဝင် တွေနဲ့ အတူ အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေကလည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

သဘောကောင်း လွန်းတဲ့ ဝါရင့်သရုပ်ဆောင် ကင်းကောင်ရဲ့ နာရေးသတင်းကြောင့် အားလုံး အံ့သြစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ပုပ္ပားမှာ အအေးဒဏ်ကြောင့် ချွဲကြပ်ဆုံးပါးသွားတဲ့ ကင်းကောင်ရဲ့ သက်မဲ့ ရုပ်အလောင်းကို ပုပ္ပားကနေ ရန်ကုန်သို့ ဇန်နဝါရီ(၂၂) ရက်နေ့က ချက်ချင်းပဲ သယ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့၊ ရေဝေးသုသာန် ရေခဲတိုက်သို့ ပို့ဆောင်ခဲ့ပါတယ်။



က္က