အလှူအတန်းဆို လက်မနှေးကြသူတွေပါ။

အလှူအတန်းဆို လက်မနှေးတဲ့ ခင်လှိုင်တို့ ဇနီးမောင်နှံက အခုလည်း နေပူခံကျောက်ပြား ၁၅၀၀ ကို ပြင်ဦးလွင်မြို့မှာရှိတဲ့ ကံ့ကော်တစ်ထောင်ဘုရားမှာ လှူခဲ့တာ တွေ့ရပါတယ်။


ခင်လှိုင်တို့ ဇနီးမောင်နှံဟာ ပြင်ဦးလွင်မြို့ အင်းထိပ်ဦးကျေးရွာမှာရှိတဲ့ ကံ့ကော်တစ်ထောင် ဘုရားအတွက် နေပူခံ ကျောက်ပြား ၁၅၀၀ လှူခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။




’ပြင်ဦးလွင်မြို့ရဲ့အင်းထိပ်ဦးကျေးရွာမှာတည်ထားတော်မူသောကံကော်တစ်ထောင်ဘုရားမှာ ကျွန်တာ်တို့မိသားစုရဲ့အလှုလေးပါနေပူခံကျောက်ပြား၁၅၀၀ခင်းပြီးလှူပါတယ်

။မန္တလေးအညာမြေစားဖွယ်စုံမှညီလေးဇော်မျိုးထက်+အိအိချောတို့မိသားစုကလမ်းခင်းတဲ့လုပ်အားခကြသမျှကိုလှူ ပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၁၉ ရက်နေ့ မနက် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။


ခင်လှိုင်ဟာ ကျန်းမာရေးမကောင်းဖြစ်လို့ အလုပ်တွေ ဆက်မလုပ်နိုင်တော့တဲ့ သက်ကြီး လူရွှင်တော်ကြီးတွေကို တစ်လ တစ်ယောက်နှုန်းနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ လှူချင်သူများလည်း ဆက်လက်လှူဒါန်းနိုင်တယ်လို့ ‘’ဟီးရိုး’’ ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့ပါတယ်။

‘’တစ်လ ကို တစ်ယောက်နှုန်းနဲ့ မဲနှိုက်ပြီးရွေးမယ်။ မဲပေါက်သွားတဲ့သူကို ကျွန်တော်တို့ မီဒီယာက ၁ သိန်း၊ ကျွန်တော်က ၁ သိန်း၊ ကျန်တဲ့ အလှူရှင်တွေကလည်း လှမ်းလှူချင် လှူလို့ရတယ်။ တခြား လူရွှင်တော် တွေကလည်း ကိုယ်တိုင် လိုက်လှူချင်လည်း ရတယ်၊ ပြီးတော့ သူ့အတွက် ဘဏ်အကောင့်လည်း ဖွင့်ပေးထားမယ်၊ ကံကောင်းချင်ရင်တော့ တစ်ရက်တည်းကို ၁၀ သိန်းလောက်ရချင်လည်း ရသွားနိုင်ပါတယ်’’ လို့ ဆိုပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၅နှစ် ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူ့ကိုတော့ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အခုလက်ရှိအချိန်အထိ ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်လျက်ရှိနေတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က