အရမ်းပျော်နေတာနော်။

ဟင်္သာတသားလေး ဖြိုးမြတ်အောင်က ဒီနေ့ မွေးရပ်မြေမှာ အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ များပြားလှတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ဖြိုးမြတ်အောင်တစ်ယောက် Grand Final မှာ ဘယ်လိုတွေ ကြိုးစားသွားမလဲဆိုတာ ရင်ခုန်ဖို့ ကောင်းနေပါပြီနော်။



Photo : D Zin Tun FB

ဟင်္သာတသားလေး ဖြိုးမြတ်အောင်က ဒီနေ့(သြဂုတ်လ၆ရက်)မှာ ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်၊ ကံကကော်လမ်းမျာ ရှိတဲ့ အမှတ်(၁၉) အခြေခံ ပညာမူလတန်းကျောင်းမှာ ကျောင်းသုံးပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကလေးများအတွက် လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခွင့်ရတဲ့အတွက် ဖြိုးမြတ်အောင် တစ်ယောက် တော်တော့်ကို ပျော်လို့နေပါတယ်။

Photo : D Zin Tun FB

 

ဒီလိုအလှူမျိုး လုပ်ရတဲ့အတွက် အရမ်းပျော်နေသလို အလှူအတန်းတွေကိုလည်း အမြဲလုပ်ချင်တာဆိုပြီး သူ့ရဲ့ ခံစားချက်ကို ပြောထားပါ သေးတယ်။

"ယနေ့ ၆.၈.၁၈ တနင်္လာနေ့မှာ ဖြိုးမြတ်အောင် (Myanmar idol)မှ ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် ကံ့ကကော်လမ်းရှိ အမှတ် ၁၉ အခြေခံ ပညာမူလတန်းကျောင်းမှာ ကျောင်းသုံးပစ္စည်း သွားလှူဒါန်းခဲ့ပါတယ်။"ကိုဒီဇင် ကျွန်တော် အရမ်းပျော်တယ် အဲ့လိုအမြဲလုပ်ချင်တာတဲ့"ဆိုပြီး သူပြောတဲ့ စကားလေးကို ကိုဒီဇင်ထွန်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ(၆) ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

Photo : D Zin Tun FB

ငွေဇင်လှိုင်း နဲ့ တူတဲ့အချက်လေးတွေကို ပြောပြလာတဲ့ မိုင်မိုင်ဆိုင်း 

Myanmar Idol Season 3 ရဲ့ ဖြိုးမြတ်အောင်ဟာ သြဂုတ်လ(၅) ရက်နေ့ သူ့ရဲ့ မွေးရပ်မြေ ဟင်္သာတသို့ ခေတ္တခဏ ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ရဲ့ အိမ်ပြန်လမ်းခရီးဟာ လုံးဝကို လှပခဲ့ပါတယ်။ မယုံနိုင်လောက်တဲ့ လူထုကြီးရဲ့ သူ့ရဲ့ ဇာတိမြေမှာ စောင့်ကြို နေခဲ့တာ ဖြစ်ပါတယ်။ များပြားလှတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြိုးမြတ်အောင်တစ်ယောက် အရမ်းကိုဝမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒီလောက်ပရိသတ်တွေအများကြီး လာအားပေးမယ်လို့ မထင်ထားပါဘူး။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ကျွန်တော်Grand Final မှာလည်း အများကြီး ကြိုးစားသွားမှာပါ။ ပြန်လည်းရောက်ရော အရမ်းကို အံ့သြခဲ့ရတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ဧရာဝတီတိုင်းက ကြိုဆိုပါ၏ ဆိုတဲ့  ဆိုင်းဘုတ်နေရာကစပြီး ကျွန်တော့်ကို လာကြိုကြတဲ့ ပရိသတ်တွေကို မြင်ရတာ ကျွန်တော့်အတွက် ခွန်အားတွေအများကြီး ရခဲ့ပါတယ်။ "ဆိုပြီး သြဂုတ်လ(၅) ရက်နေ့က ပရိသတ်တွေနဲ့ တွေ့ဆုံချိန်က ပြောပြခဲ့တာဖြစ်ပါတယ်။

Photo : D Zin Tun FB

 

ဒီနေ့(သြဂုတ်လ၆ရက်)မှာလည်း ဟင်္သာတမြို့မှာရှိတဲ့ မြို့တော်ခန်းမမှာ မိဘပြည်သူများနဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ များပြားလှတဲ့ပရိသတ်တွေကြောင့် ဖြိုးမြတ်အောင်တစ်ယောက် Grand Final ပွဲအတွက် အားအင်တွေ အပြည့် ရှိသွားမှာတော့ အမှန်ပါပဲ။ ဟင်္သာတမြို့မှာ ယခင်က  ပြည်သူချစ်အဆိုတော်တစ်ဦးဖြစ်တဲ့ မြန်မာသံစဉ် အဆိုတော် ဟင်္သာတထွန်းရင်ပေါ်ပေါက်ခဲ့သလိုပဲ ဖြိုးမြတ်အောင် ကလည်း ဟင်္သာတမြို့ရဲ့ ဂုဏ်ကို ဖော်ဆောင်ဦးမယ့်  အဆိုတော် တစ်ယောက်ဖြစ်လာမလားဆိုတာက ရင်ခုန်စရာပဲ။

Photo : D Zin Tun FB

ဖြိုးမြတ်အောင်ဟာ သြဂုတ်လ(၁၁) ရက်နေ့ စနေနေ့ညမှာ ကျင်းပမယ့် Grand Final ပွဲမှာ ပရိသတ်တွေအတွက် ဘယ်လိုတွေ ကြိုးစားသွား ဦးမယ်ဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ Myanmar Idol Season 3 ရဲ့ Grand Final အတွက် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ ရင်ခုန်နေသလိုပဲ ပရိသတ်တွေကလည်း သူတို့အားပေးတဲ့ ပြိုင်ပွဲဝင် Winner ဖြစ်မလားဆိုတဲ့ ခံစားချက်တွေနဲ့ ရင်ခုန်နေကြပါတယ်။ Myanmar Idol Season 3 ရဲ့ Grand Final ပွဲကို သြဂုတ်လ(၁၁) ရက်နေ့ စနေ့ညမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က