ဧပြီလအတွင်းမှာ မွေးဖွားမယ်လို့ သိရပါတယ်။

နန်းမြတ်ဖြိုးသင်းက သားလေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းနေပြီလို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း သားလေးနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ကြည့်ပြီး ပျော်ရွှင်နေတာ တွေ့ရပါတယ်။

Photo: Nann Myat Phyo Thin



နန်းမြတ်ဖြိုးသင်းက သားလေး Jack Jack အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင်စုဆောင်းနေတယ်လို့ ဆိုပါတယ်။ သားလေးကိုတော့ ဧပြီလ အတွင်းမှာ မွေးဖွားဖြစ်မယ်လို့လည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’သားသားအတွက် လိုအပ်တာတွေ ကိုယ်ဝန် ၅လ လောက်ကတည်းက ဝယ်စုနေတာ ဟိုနိုင်ငံမှ ာဒီနိုင်ငံမှာနဲ့ကြာနေတာ။ အခုလည်း တချို့တစ်ဝက်တော့ကျန်သေးတယ်။ ဒါပေမယ့် ပစ္စည်းတွေရှာဝယ်လို့ ပင်ပန်းပေမယ့်ကြည်နူး ပီတိဂွမ်းဆီထိနေတာပါပဲ’’ ဆိုပြီးတော့ မတ်လ ၁၇ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Nann Myat Phyo Thin

နန်းမြတ်ဖြိုးသင်းဟာ ပထမဆုံးရင်သွေးလေးက သားလေးဆိုတာကို သိရကတည်းက ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် မိသားစုဝင်တွေကလည်း ဝမ်းသာပျော်ရွှင်ခဲ့ကြပါသေးတယ်။

‘’တချို့ပစ္စည်းတွေက ဖွားဖွားတို့ဒေါ်ဒေါ်တို့ရဲ့sponsorတွေလဲ ပါတာပေါ့နော်။ နောက်မှ ဘယ်ပစ္စည်းလေးကို ဘာကြောင့် ဝယ်တာ သူ့ရဲ့ကောင်းကျိုးဆိုးကျိုးလေးတွေကို sharing လုပ်မယ်နော်။ ခုတော့ မေမေပစ္စည်းပုံကြားထဲ ပျော်လိုက်ဦးမယ်’’ ဆိုပြီးတော့လည်း ဆက်လက် ပြောပြထားပါတယ်။

Photo: Nann Myat Phyo Thin

နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့လည်း ‘’Friend’’ ဆိိုတဲ့ တေးစီးရီးအခွေလည်း ထွက်ရှိထားပါသေးတယ်။

Photo: Nann Myat Phyo Thin

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျေးဇူးတင်စကား ပြောထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က