မီမီဝင်းဖေ၊ တင်ဇာမော်၊ကော်နီ၊ ချောစုခင် နဲ့ ဆုန်သင်းပါရ် တို့က သီဆိုသွားမှာပါ။

ဆောင်းဦးလှိုင်ကတော့ မီမီဝင်းဖေ၊ တင်ဇာမော်၊ကော်နီ၊ ချောစုခင် နဲ့ ဆုန်သင်းပါရ် တို့အတွက် ရေးစပ်ပေးထားတဲ့ သီချင်းအသစ်လေးကို အားရကျေနပ်မိတယ်လို့ဆိုပါတယ်။ 

Photo: Tin Zar Maw



ဆောင်းဦးလှိုင်ကတော့ အဆိုတော် မီမီဝင်းဖေ၊ တင်ဇာမော်၊ကော်နီ၊ ချောစုခင် နဲ့ ဆုန်သင်းပါရ် တို့ အတွက် သီချင်း အသစ်တစ်ပုဒ် ရေးပေးထားတာ တွေ့ရပါတယ်။ သီချင်း နာမည်ကိုတော့ " ဒို့ကမ္ဘာ" လို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။ 

" 'Divas & me ' 'ဒို့ကမ္ဘာ' ဝါရင့် ထိပ်တန်း အမျိုးသမီးအဆိုတော်(၅) ယောက်အတွက် ကျွန်တော် ရေးသား၊ တီးခတ်၊ အသံဖမ်း၊ ထုတ်လုပ်နေတဲ့ သီချင်းကိုအားရကျေနပ်နေမိပါတယ်။ ကျွန်တော့်တာဝန် Audio Production က မနက်ဖြန်ဆိုပြီးပါပြီ။ Video (or) MTV က ကျွန်တော်တာဝန်ယူမထားတဲ့ အတွက် အကြံဉာဏ်ဘဲပေးခဲ့ပါတယ်။ အဆိုတော် ၅ ယောက်မှာ တချို့က seniors ! တချို့က သိပ်မကွာတဲ့ juniors တွေ။ Generation gap မရှိတဲ့အတွက် အလွန်စိတ်တိုင်းကျတဲ့သီချင်းဖြစ်လာခဲ့ပါတယ်" ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Saung Oo Hlaing

ဆောင်းဦးလှိုင်ဟာ " ဒို့ကမ္ဘာ" သီချင်းနဲ့ ပတ်သက်ပြီး သူ့ရင်ထဲက ခံစားချက်ကိုလည်း အခုလို ပြောပြလာပါသေးတယ်။ 

"ကျွန်တော်တို့ရဲ့အရည်အချင်းကို တင်ပြခွင့်ပိုရခဲ့ပြီး ဂီတကိုနားလည်တဲ့ တကယ်ချစ်တဲ့၊ တကယ်လေးစားတဲ့၊သီချင်းကောင်းကြိုက်တဲ့ပရိသတ်များ တန်ဖိုးထားနားဆင်ခံစားနိုင်ပါတော့မယ်လို့ ယုံကြည်စွာနဲ့ သတင်းကောင်းပါးလိုက်ပါတယ်။ မကြာမီ ဆောင်းဦးလှိုင် ၁.၆.၂၀၂၀" ဆိုပြီးတော့ ဆက်လက် ရေးသားထားပါတယ်။ 

Photo: Tin Zar Maw

ဆောင်းဦးလှိုင်(Song Oo Hlaing)ဟာ အခုဆိုရင် ဘော်နီယိုကျွန်းမှာ မိသားစုနဲ့အတူ နေထိုင်တာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာနိုင်ငံကနေ မိသားစုနဲ့အတူ ပြောင်းရွှေ့သွားတာပါ။ ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းမှာတော့ နောက်ဆုံးထွက်ရှိထားတဲ့ ‘’ကမ္ဘာ့စံချိန်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ကလည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့ပါတယ်။ သူဟာ တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်တာ ၁၁ နှစ်အကြာမှ ၂၀၁၉ ခုနှစ် မေလအတွင်းက စပြီး အမေရိကမှာရှိတဲ့ Kentucky ပြည်နယ် Louisville မြို့၊ Los Angeles မြို့ ၊ San Francisco Chicago မြို့ ၊ Fort Wayne မြို့၊ Mary land မြို့၊ New York မြို့ နဲ့ Seattle မြို့ တို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်ခဲ့တာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က