နိုင်ငံခြားနဲ့ လက်တွဲအလုပ်လုပ်ရမယ့် ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားခဲ့ပါတယ်တဲ့။

ပိုင်တံခွန်ဟာ လက်ရှိမှာတော့ ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်လာမယ့် အနုပညာလှုပ်ရှားမှုတွေကို COVID-19 ကြောင့် ရပ်နားလိုက်ပြီလို့ဆိုပါတယ်။ 

Photo: Paing Takon 



ပိုင်တံခွန်ကတော့ COVID-19 စဖြစ်ကတည်းက ပြည်ပနိုင်ငံတွေနဲ့ လက်တွဲအလုပ်လုပ်ရမယ့် အနုပညာအလုပ်တွေကို ရပ်ဆိုင်းထားခဲ့တယ်လို့ ပြောပါတယ်။ ကိုယ့်အသက်လောက်အရေးမကြီးတာမို့ သူချစ်ရတဲ့ ပရိသတ်တွေကိုလည်း ဂရုတစိုက်နေဖို့ ပြောထားပါသေးတယ်။ 

" ရောဂါအသစ်စပြီးဖြစ်နေပေမယ့် ဝူဟန်ဗိုင်းရပ် (covid 19) ဆိုပြီး မြန်မာကလူတွေ သတိမထားမိတဲ့အချိန်

သူများ နိုင်ငံတွေ lock down မလုပ်ခင်ချိန် လွန်ခဲ့တဲ့ ၄၅ ရက်လောက်တည်းက ကျနော်ကို ကမ်းလှမ်းထားတဲ့ နိုင်ငံခြားက ရုပ်ရှင်တွေအားလုံး ကျွန်တော် cancel ခဲ့တယ်။ ကျွန်တော့်လို အနုပညာကြိုးစားဆဲလူတယောက်အတွက် အာရှနိုင်ငံကြီးကရုပ်ရှင်‌တွေမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ရမယ့် အခွင့်အရေးကတကယ်ကြီးပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေး‌တွေထက်အရေးကြီးတာက ကျွန်တော်တို့အသက်၊ ကျွန်တော်တို့ ချစ်ရတဲ့ လူတွေရဲ့အသက်၊ သူများနိုင်ငံသွားပြီး ကိုယ်ကူးတာ အကြောင်းမဟုတ်ပေမယ့် ကိုယ့်ကြောင့် ကိုယ့်

မိသားစု၊ ကိုယ့်ပရိသတ်၊ ကိုယ့်ပတ်ဝန်းကျင် ကူးမှာစိုးလို့ အခုလို အလုပ်တွေ အားလုံးရပ်နားခဲ့ပြီး အိမ်မှာနေရခြင်းဖြစ်ပါတယ်" ဆိုပြီးတော့ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Paing Takon 

မြန်မာနိုင်ငံအတွင်းမှာလည်း COVID-19 ကူးစက်ခံရသူ (၈) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  

Photo: Paing Takon 

လက်ရှိဖြစ်ပေါ်နေတဲ့ ရောဂါအခြေအနေအရ အပြင်ထွက်ပြီး ပိုက်ဆံရှာနေရသူတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ပိုင်တံခွန်က ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာစေချင်ကြောင်း သူက ပြောလာပါတယ်။ 

"လူတိုင်းက အသက်ရှင်သန်ဖို့အတွက် ငွေရှာကြတယ်။ ငွေရှိမှ အရာရာတိုင်းနီးပါးဖြည့်ဆည်းနိုင်မှာဆိုတော့ မပြည့်စုံတဲ့ ဘဝတွေ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတွေအတွက်က ပိုလိုအပ်တာပေါ့ဗျာ။ ဒါပေမယ့် အခုဒီချိန်မှာ မမြင်နိုင်တဲ့ ဒီရောဂါကြောင့်အသက်ရှင်သန်ဖို့အတွက် အပြင်မှာ ငွေရှာရင်း ဒီငွေက ကိုယ့်ဘဝရဲ့ နောက်ဆုံးရှာခြင်းလည်း ဖြစ်သွားနိုင်ပါတယ်ခင်ဗျာ။ မဖြစ်မနေရှာရရင်လည်း ရောဂါကာကွယ်တဲ့ အကာကွယ်တွေ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာကြရအောင်ခင်ဗျာ။ ဆရာဝန်တွေ သူနာပြုတွေကိုလည်း သနားသောအားဖြင့် " ဆိုပြီးတော့ ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Paing Takon 

ပိုင်တံခွန်ဟာ ကမ္ဘောဒီးယားနိုင်ငံသူ မင်းသမီးချောလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ Pre Production တွေ ဆောင်ရွက်နေရတာဖြစ်ပါတယ်။ သူဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တဲ့ ပိုင်တံခွန်ဟာ အခုချိန်မှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်၊ Model တစ်ယောက်အဖြစ် ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်ပါတယ်။ သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေးဆိုရင်လည်း မမှားပါဘူး။ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က