Sabal Thwin

ကျော်ကျော်ဗို အတွက်တော့ စိန်ခေါ်မှုကြီးတစ်ခုလို ဖြစ်ခဲ့တဲ့ ‘’Memories Of Tomorrow’’ ရုပ်ရှင်ဇာတ်ကားအကြောင်းပြောပြလာပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူ့ကို ထူးခြားတဲ့ ဇာတ်ကောင်ပုံစံတစ်ခုနဲ့ မြင်တွေ့ရဦးမှာပါ။

Photo: Memories of Tomorrow

ကျော်ကျော်ဗိုက သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် စိတ်လှုပ်ရှားလို့နေပါတယ်။ ဒီဇာတ်ကားရိုက်ကူးခဲ့စဉ်တုန်းကလည်း သူ့ရဲ့ ခန္ဓာကိုယ် ကို ဝဝဖြိုးဖြိုးဖြစ်စေဖို့အတွက် သေသေချာချာ အချိန်ယူ လေ့ကျင့်ခဲ့ရတဲ့ ကာရိုက်တာတစ်ခုပါ။ 

‘’ကျွန်တော့်အတွက် စိန်ခေါ်မှုများစွာဖြစ်စေခဲ့သော ရုပ်ရှင်ကား၊ ကျွန်တော့်အတွက် ဇာတ်ကောင်စရိုက် ပိုမိုပီပြင်စေဖို့ အိုက်တင်နည်းပြဖြင့် အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်း ကြိုးစားပုံဖော်ခဲ့ရသော ရုပ်ရှင်ကား၊ ကျွန်တော့်အတွက် ရုပ်ပိုင်းဆိုင်ရာ အထင်ရှားဆုံးပြောင်းလဲမှု့အဖြစ် ခန္ဓာကိုယ်အလေးချိန်များစွာ တိုးစေ၍သရုပ်ဆောင်ခဲ့ ရသော ရုပ်ရှင်ကား၊ ကျွန်တော့်အတွက် စိတ်ကူးစိတ်သန်းကောင်းများစွာဖြင့် အမြဲလန်းဆန်းတက်ကြွနေသော လူငယ်များနဲ့ ပူးပေါင်းဖန်တီးနိင်ခဲ့သော ရုပ်ရှင်ကား၊ ကျွန်တော့်အတွက် ကျွန်တော့အတွက်ပေါင်းများစွာဖြင့် အားလုံးရှေ့တော်မှောက်သို့ မကြာမှီရောက်ရှိလာပါတော့မည်ခင်ဗျာ #MemoriesOfTomorrow’’ ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Memories of Tomorrow

ကျော်ကျော်ဗိုဟာ ‘’Memories Of Tomorrow’’ ရုပ်ရှင်ဇာတ်ကားကြီး ကို ရိုက်ကူးဖို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ခန္ဓာကိုယ်ဝဖြိုးဖို့အတွက်ဆိုရင် ဝစေတဲ့ အစားအစာ၊ ဘယ်လို အစားအစာတွေဖြစ်ဖြစ် စားခဲ့ရတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

ဒီဇာတ်ကားထဲက သူ့ရဲ့ ကာရိုက်တာ နာမည်ကတော့ ကျော်စွာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် အစပိုင်းမှာ စတင်ရိုက်ကူးခဲ့တာပါ။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ ကျော်ကျော်ဗို၊ စိုင်းဆိုင်လောဝ်နဲ့ မေတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

Photo: Kyaw Kyaw Bo

နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲမှာ ကျော်ကျော်ဗိုလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က