သူမ ချစ်ရတဲ့ ပရိသတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့လေးဖြစ်ပါတယ်။

တင်ဇာမော်က သူမပရိသတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ‘’တင်ဇာမော်နဲ့တွဲလက်မောင်နှမများ’’ ပရဟိတအဖွဲ့လေးဟာ ဟင်္သတမြို့က ဘိုးဘွားရိပ်သာမှာ ၁၀ ကြိမ်မြောက် အလှူကို အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

Photo: Tin Zar Maw



တင်ဇာမော်က သူမချစ်ရတဲ့ We Love လေးတွေနဲ့အတူ ဟင်္သာတ မြို့နယ်မှာရှိတဲ့ ခိုလှုံရာ ဘိုးဘွားရိပ်သာမှာ အလှူအတန်းတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလှူငွေ စုစုပေါင်း ၂၃ သိန်းကျပ် လှူဒါန်းခဲ့တယ်လို့ တင်ဇာမော်က ပြောပါတယ်။

" တင်ဇာမော် နှင့် တူညီတွဲလက်မောင်နှမများ ပရဟိတအဖွဲ့ " ၏ ၁၀ကြိမ်မြောက် အလှူခရီးစဉ်။ ဟင်္သာတမြို့ရှိ ခိုလှုံရာ ဘိုးဘွားရိပ်သာသို့စုစုပေါင်းကောက်ခံရရှိငွေ ၅သိန်း ၈သောင်းနှင့် အဖွဲ့ ပဒေသာပင်မှ ၁၇သိန်း ၂သောင်း = အလှူငွေ ၂၃သိန်းတိတိ နဲ့ ( အကျႌ အထည် ၅၀ - ၉၈၀၀၀၊ နို့မှူန့် -၆၃၀၅၀၊ ပလပ်စတစ်ပုံး - ၄၅၀၀၀၀၊ ဒိုင်ပါ -၂၀၀၀၀၀ = ၈၁၁၀၅၀ကျပ်ငွေ တန်ဖိုးရှိအခြားအလှူပစ္စည်းများ၊ ကေခိုင်ဝင့်နှင့် နှင်းပွင့်ဖြူ တို့မှ ခေါင်းအုံး ၅၀ ဖိုး - ၆၂၅၀၀၊ ဒေါက်တာစောနေမင်း+မအိန္ဒြာသိမ့်သိမ့်သူ (သား) မောင်သတိုးစစ် မိသားစုမှ "ခိုလှုံရာ" ဘိုးဘွားရိပ်သာရှိ ကလေးငယ်များအတွက် Dupro နို့မှုန့် (၅) ဗူး၊ ကျန်းမာရေးစစ်ဆေးရန်နှင့် လိုအပ်သော အခြေခံဆေးဝါးများ စုစုပေါင်း ၅၇၀၀၀ ရှိဆေးများအား ကိုShwe Khae၊ တီခိုင်မှကလေးအကျီ ၤ များ အမျိုးသမီးဝတ်ပါတိတ် နှင့် အဝတ်အစားများ၊ အဟုန်မှ နို့မှုံ့ဗူးများ၊ Sedona house keeping department မှ ဆပ်ပြာများ၊ အမေနွယ်မှ စားစရာများ နဲ့ သင်္ဃန်းများကို လှူဒါန်းခဲ့ကြပါတယ်ရှင်’’ ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Tin Zar Maw

တင်ဇာမော်က အခုလက်ရှိမှာ ဂီတအလုပ်တွေ လုပ်နေတာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ သူမရဲ့ မိသားစုကတော့ အင်္ဂလန်မှာ နေထိုင်ကြတာပါ။ သူမ ချစ်ရတဲ့ခင်ပွန်း မိုက်ကယ်အောင်နဲ့အတူ ချစ်စရာကောင်းတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၂၀၁၉ ခုနှစ် မေလ ၅ ရက်နေ့က ၁၂ နှစ်ပြည့်ခဲ့ပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ပါတယ်။

Photo: Tin Zar Maw

အဆိုတော် တင်ဇာမော်ကတော့ Seven Concert လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်း ကျင်းပခဲ့ပါသေးတယ်။ ဒီနေ့အချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအတွက်ကိုလည်း အမြဲတမ်းကြိုးစားနေပါ့မယ်ဆိုတဲ့ အကြောင်းကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က