မကြာခင်မှာ ရုပ်ရှင်ကားကြီး ရိုက်ကူးတော့မှာဖြစ်ပါတယ်။

အောင်ရဲထိုက်ကတော့ သူ့အတွက် ၇ ကားမြောက် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်နေပြီလို့ ဆိုပါတယ်။ သူ့ကိုတော့ ‘’ည’’ ရုပ်ရှင်ဇာတ်ကားထဲက ညမင်းသားလေး လို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်ခဲ့လေ့ရှိပါတယ်။ 

Photo: Aung Ye Htike



အောင်ရဲထိုက်ကတော့ ‘’ကတိ’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကတော့ သူ့အတွက် သတ္တမမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့ ဆိုပါတယ်။

‘’ကတိ - Promise ကျွန်တော့်ရဲ့ ၇ ကားမြောက် ရုပ်ရှင်ကားကြီး ကတိ ပေးပါတယ်။ ကြိုးစားအားထုတ်မူ့ နည်းနည်းလေးမှ မလျှော့သွားဘူးဆိုတာ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ စိန်ခေါ်မူ့တွေကို ရင်ဆိုင်ချင်စိတ်အပြည့် Team Work အပြည့်နဲ့ ဆက်လျှောက်မှာပါ’’ ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Aung Ye Htike

‘’ကတိ’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သရုပ်ဆောင် အောင်မြင့်မြတ်၊ အောင်ရဲထိုက်၊ မင်းဦး၊ သိန်းလင်းစိုး၊ထူးသာ၊  ထွန်းအိန္ဒြာဗို၊ မေ၊ မြနှင်းရည်လွင်နဲ့ တင်ဇာဝင်းပြည့်တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို Mega Mark Film ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ထက်ဝေယံနိုင်က ရိုက်ကူး ပုံဖော်သွားမှာဖြစ်ပါတယ်။

Photo: Aung Ye Htike

အောင်ရဲထိုက်ဟာ ညရုပ်ရှင်ဇာတ်ကားကစပြီး ပရိသတ်တွေသတိထားအားပေးခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း Star တစ်ယောက်အဖြစ် ပါဝင်လာခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ ''မီ'' ရုပ်ရှင်ဇာတ်ကားထဲ မှာလည်း ကိုလေး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က