ပရိသတ်တွေလည်း ဂရုစိုက်ကြဖို့ ပြောထားပါသေးတယ်။

ဝတ်မှုံရွှေရည်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဟယ်လ်ပင်ကလေးဆေးရုံကြီးမှာ လိုအပ်တာတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: 7 Sense



သရုပ်ဆောင်ဝတ်မှုံရွှေရည်ကတော့ COVID-19 ကြောင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်သောအားဖြင့် ဟယ်လ်ပင်ကလေးဆေးရုံကြီးမှာ Hand Sanitizer နဲ့ mask တွေ လှူခဲ့တယ်လို့ ပြောပါတယ်။ 

"ရန်ကုန် ဟယ်လ်ပင် ကလေးဆေးရုံ မှာလိုအပ်တဲ့ Hand Sanitizer ,mask တွေ၊ ကလေးတွေအတွက် အာဟာရ တစ်နေ့တာ အလှူလေးတွေလှူဖြစ်တယ်။ အခုလို Corona Virus နဲ့ပတ်သတ်ပြီး ကျန်းမာရေးအတွက် အဖက်ဖက်ကဂရုစိုက်နေကြရတဲ့အချိန်မှာ အခုလို အလှူလေးဖြစ်အောင်ကူညီပေးကြတဲ့သူတွေကိုလည်းကျေးဇူးပါ။ကစ်ချစ်တဲ့ပရိတ်သတ် ကြီးလည်းကျန်းမာရေးကိုအထူးဂရုစိုက်ကြပါလို့။ Corona Virus ရဲ့ရန်ကို သွားသတိလာသတိကာကွယ်ကြဖို့နဲ့ ကျန်းမာရေးသတိပေးချက်တွေကိုအထူးဂရုပြုလိုက်နာကြပါလို့နော်" ဆိုပြီးတော့ မတ်လ ၁၇ ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးခဲ့တာကို တွေ့ရပါတယ်။ 

Photo: 7 Sense

ဝတ်မှုံရွှေရည်ကိုယ်တိုင်ကလည်း COVID-19 ကြောင့် ကိုယ့်ကျန်းမာရေးကိုလည်း အထူး ဂရုစိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

"တစ်ကမ္ဘာလုံးက လူအရမ်းများတဲ့နေရာတွေ မသွားဖို့၊ စုစုဝေးဝေးရှိတဲ့နေရာတွေမှာ မနေဖို့ ပြောထားတော့ ရက်ရွှေ့လိုက်တဲ့အပေါ်မှာ ကောင်းတယ်လို့ ထင်ပါတယ်။ ကစ်ကတော့ တစ်ချိန်လုံး လက်ဆေးတာ ဆိုက်ကိုတောင်ဝင်တယ်။ Mask အုပ်တယ်၊ လူများတဲ့နေရာတွေဆို မသွားရဲဘူး” ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: 7 Sense

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: wutt mhone Shwe Yi

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ 



Share

Loading Next Article...
က္က