မျက်ရစ်တွေ ရောင်နေတုန်းတဲ့။
Ei Ei Myat

မျက်ရစ်ခွဲခြင်း ၊ အသားအရည်ပြောင်းလဲခြင်းနဲ့ အသားအရည် ပင့်တင်ခြင်းတို့ကို လုပ်ခဲ့တာလို့ သူမက ဆိုပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ ကိုရီးယားရောက်တုန်း မျက်နှာနဲ့ ပတ်သက်တဲ့ ပြုပြင်ထိန်းသိ မ်းမှုလေးတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။မျက်ရစ်ခွဲခြင်း ၊ အသားအရည်ပြောင်းလဲခြင်းနဲ့ အသားအရည် ပင့်တင်ခြင်းတို့ကို လုပ်ခဲ့တာလို့ သူမက ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံ ပြန်ရောက်နေပြီ ဖြစ်ပြီး သူမရဲ့ မျက်နှာအခြေအနေကိုလည်း ယခုလို ပြောပြထားပါသေးတယ်။

“မျက်နှာတွေ ရောင် နေတုန်းပဲရှင့်...Complete result က ၆လ ပြည့်မှ ရ မှာပါ တဲ့...၁ လ ပြည့်ရင်တော့ make up လိမ်းလို့ ရ ပါပြီ...မျက်ရစ်တွေ ကတော့ အရောင်ဆုံး ပါပဲ.” ဆိုပြီး နိုဝင်ဘာ(၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

ပရိသတ်တွေကလည်း သူမကို အညှော်မမိစေဖို့ ဂရုစိုက်ဖို့အတွက်ပြောထားကြပါသေးတယ်။

ထွန်းအိန္ဒြာဗိုလ်က လက်ရှိမှာ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းနဲ့ လက်ထပ်ပြီး အောင်ဗိုကောင်းသန့် ဆိုတဲ့ တစ်ဦးတည်းသော သားလေးကို ပိုင်ဆိုင်ထားတဲ့ မိသားစုလေးပါ။ သူမရဲ့ သားဖြစ်သူကတော့ အနုပညာအလုပ်ကို ဝါသနာမပါဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အောင်ဗိုလ်ကောင်းသန့် က အားကစားဘက်မှာတော့ အရမ်းကို ထူးချွန်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

ထွန်းအိန္ဒြာဗိုလ် ဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီနောက် ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။


က္က