ကိုရီးယားထက် သာတယ်တဲ့။

နေမင်းက မြန်မာနိုင်ငံမှာပဲ မေးရိုးခွဲစိတ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ခွဲစိတ်ပြုပြင်မှု လုပ်ထားတဲ့ ပုံလေးတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ပြီး အသိပေးထားတာတွေ့ရပါတယ်။

သရုပ်ဆောင် နေမင်းတစ်ယောက် ခွဲစိတ်ပြုပြင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလိုက်ပါပြီ။ နေမင်းတစ်ယောက် မေးရိုးခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေလည်း စိတ်ဝင်စားနေကြသလို တကယ်ခွဲလိုက်တာလား မခွဲဘူးလားဆိုတာ ဝေခွဲမရ ဖြစ်လို့နေကြပါတယ်။ ပရိသတ်တွေ ဝေခွဲမရ ဖြစ်နေချိန်မှာ နေမင်းက သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ကိုရီးယားနိုင်ငံမှာ သွားရောက်ခွဲစိတ်ခဲ့တာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံမှာတင် ခွဲစိတ်ခဲ့တာ ဖြစ်တယ်လို့ပြောလိုက်ပါတယ်။



“ကိုရီးယားမှာ သွားရောက်ပြီးခွဲစိတ်ခဲ့တာမဟုတ်ပါဘူးကွယ်ကိုရီးယားမှ ဆရာဝန်ကြီးတွေ လာရောက်ပြီးကိုရီးယား နိုင်ငံ မှာ အတိုင်းဘဲ ခွဲစိတ်မှုကောဝန် ဆောင်မှု ရောခွဲစိတ်ပြီးနောက်ပိုင်း တာဝန်ယူဆောင်ရွက်ပေးမှုကောအကုန်လုံး ကိုရီးယားနိုင်ငံ ရှိ Gangnam Medical Beauty Center မှာ ထက်သာလွန်သော ဂရုစိုက်မှုများကိုခံစားရရှိရ(ရရှိနေ)ပါသည်” ဆိုပြီး ဇွန်လ(၂၁) ရက်နေ့ မနက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

သူ့ရဲ့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေကိုလည်း လကုန်ပိုင်းလောက်မှ ဖြေဆိုနိုင်မယ်ဆိုပြီး ပြောထားတာေ တွ့ရပါတယ်။ ပရိသတ်တွေကတော့ သူ့ရဲ့ မေးရိုးကားကားနဲ့ အရင်ပုံစံကို လွမ်းနေကြောင်း မှတ်ချက်ပေး ပြောထားကြတာ တွေ့ရပါတယ်။ နေမင်းတစ်ယောက် ဘယ်လို ပုံစံ ရှိသွားမလဲဆိုတာကိုလည်း ပရိသတ်တွေ စိတ်ဝင်စားလို့ နေကြပါတယ်။

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။

Share

Loading Next Article...
က္က