ပရိသတ်တွေ အားပေးမှာလားဆိုပြီး မေးထားပါသေးတယ်။

ဇေရဲထက်ကတော့ ကိုယ်ပိုင် Brand ထုတ်ဖို့စဉ်းစားလို့နေပါတယ်။ ပရိသတ်တွေကလည်း ဘယ်လိုမျိုး ဖြစ်မလဲဆိုပြီးစိတ်ဝင်စားလို့နေပါတယ်။

Photo : ဇေရဲထက်



ဇေရဲထက်ကတော့ Skin Care ကောင်းကောင်းသုံးချင်သူတွေအတွက် ကိုယ်ပိုင် Brand လေး ထုတ်ရင် အားပေးမှာလားဆိုပြီး ပရိသတ်တွေကို မေးထားတာ တွေ့ရပါတယ်။ ယောကျ်ားလေးသုံး မိတ်ကပ်ပစ္စည်းတွေကိုလည်း ထုတ်ချင်ပါတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

“Skin careကောင်းကောင်းသုံးချင်သူများအတွက် ကိုယ်ပိုင်brandလေး ထုတ်ရင်အားပေးမှာလား Side effect လုံးဝမရှိပဲ မျက်နာပေါပြစ်မျိုးမှည့်မထင်တဲ့ ကြည်လင်လှစေမည့် creamများယောင်္ကျားလေးသုံးမိတ်ကပ် ပစ္စည်းကိုလည်း ထုတ်ချင်ပါတယ်"”ဆိုပြီး ပြောထားတာပါ။

Photo : ဇေရဲထက်

ပရိသတ်တွေကလည်း သူထုတ်မယ့် Brand အတွက် စိတ်ဝင်စားလို့နေကြပါတယ်။ မိန်းကလေး ပရိသတ်တွေကလည်း မိန်းကလေးတွေအတွက်ရော မထုတ်ဘူးလားဆိုပြီး သူ့ကို မေးထားကြပါသေးတယ်။ ဇေရဲထက်က သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်ရင်း မိသားစုကို လုပ်ကျွေးနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ အနုပညာအလုပ်တွေ အားရင်အားသလို သူဝါသနာပါတဲ့ စီးပွားရေးလေးတွေကို လုပ်ကိုင်တတ်သူ ဖြစ်ပါတယ်။

Photo : ဇေရဲထက်

ဆင်းရဲတဲ့ မိသားစုဝင်တွေထဲက မွေးဖွားလာတဲ့သူဖြစ်တာကြောင့်လည်း အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုဖူးပါတယ်။

‘’ကျွန်တော် ရန်ကုန် စရောက်လာကတည်းက မိဘတွေ ထောက်ပံ့ပေးမှု သိပ်မရှိဘူး။ ထောက်ပံ့ပေးနိုင်စွမ်းလည်း မရှိဘူး။ ကျွန်တော့် မိဘတွေက ချမ်းချမ်းသာသာထဲက မဟုတ်ဘူး။ သာမန်လူတွေဖြစ်တဲ့အတွက် ကျွန်တော် ဝါသနာပါတဲ့ အလုပ်ကို လုပ်တယ်။ အခုဆိုရင် ပိုပြီး မြင့်မားတဲ့ ဘဝကို ရောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်ထိ သူများအပေါ် မတရားတာ ဘာမှ မလုပ်ခဲ့ဘူး။ ကိုယ်တတ်နိုင်သလောက်လှူတယ်။ ကျွေးတယ် အဲ့ဒီစိတ်တွေနဲ့ပဲ နေခဲ့တယ်'' လို့ သူက ဆိုပါတယ်။

Photo : ဇေရဲထက်

ဇေရဲထက်က အခုဆိုရင် ပြည်သူချစ် သရုပ်ဆောင် မင်းသား တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ကိုတော့ ဗီဒီယိုဇာတ်ကား. တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာခဲ့တာဖြစ်ပါတယ်. အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေရတာ ကို တွေ့ရပါတယ်။ အဲ့ဒီနောက် သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်လေးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က