လက်ရှိ ကျန်းမာရေး အခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။

အဆိုတော် ဇော်ဝင်းထွဋ်ဟာ COVID-19 ကာကွယ်ရေးအနေနဲ့ Quarantine ဝင်သွားခဲ့တယ်လို့ သိရပါတယ်။ 

Photo: Zaw Win Htut



နာမည်ကျော် Rock အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ ဧပြီလ ၁၇ ရက်နေ့က COVID-19 ရောဂါကာကွယ်ရေး စင်တာတစ်ခုဖြစ်တဲ့ အမရာဆောင်မှာ Quarantine ဝင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ကျန်းမာရေးအခြေအနေကိုလည်း သူ့ရဲ့ အမာခံပရိသတ်တစ်ဦးက အခုလို ပြောပြထားပါတယ်။ 

"အားလုံးချစ်တဲ့ ကိုညီထွဋ် က Fbပေါ်တတ်လာတဲ့ပုံတစ်ပုံကြောင့် Quarantine ဝင်သွားတာပါ။ ပုံရိုက် တုန်းပဲ ခဏထိုင်တာပေမယ့် အားလုံးသံသယကင်းအောင် စိတ်ချရအောင်ဝင်သွားတာပါ။ Quarantine ဝင်နေတဲ့ကိုညီထွဋ် လည်းနေကောင်းကျန်းမာပါတယ်။ ပြီးရင်အားလုံးနဲ့ပြန်ဆုံဖို့ပြန်လာမှာအသေချာပါ။ ကျန်းကျန်းမာမာနဲ့ပြန်လာမယ့်ကျွန်တော်တို့ချစ်တဲ့ Rockerကြီးကိုညီထွဋ် ကိုကြိုဆိုဖို့ အားလုံးဆုတောင်းရင်းစောင့်ကြတာပေါ့နော် Admin Team" ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ မနက် ၁၂ နာရီကျော်ကZaw Win Htut Photo Album ဆိုတဲ့ Facebook Page ကနေ တင်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Zaw Win Htut

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသူတွေ အများကြီးပါပဲ။ ဒါကြောင့် အနုပညာရှင်များကလည်း စားနပ်ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့ အင်အားနဲ့ လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ ဧပြီလ ၁၈ ရက်နေ့ မနက် (၈) နာရီအထိ (၉၄ )ဦးရှိပြီဖြစ်ပြီး သေဆုံးသူ (၅) ဦးရှိခဲ့ပြီလို့ သိရပါတယ်။ 

Photo: Zaw Win Htut

အဆိုတော် ဇော်ဝင်းထွဋ်ကတော့ ဒီနေ့ အချိန်ထိ သီချင်းတွေ ဆိုနေတုန်းပါပဲ။ သူ့ကိုတော့ Rock ဘုရင် တစ်ဦးအဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။ သူ့ရဲ့ ဂီတသက်တမ်းသာ နှစ် ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတိုင်းကလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဇော်ဝင်းထွဋ်ဟာ မြန်မာသံစဉ်ဝါရင့်အဆိုတော် ထား ရဲ့ သားတစ်ယောက်ပါ။ ဂီတမျိုးစက်နဲ့ ပတ်သက်ပြီး ဇော်ဝင်းထွဋ်ရဲ့ သား အီတိုးကလည်း ဂီတအလုပ်တွေ လုပ်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က