သူမအသက် ၂၀ ပြည့်ပါြ့ီ

ပြည့်ဝတီမောင်ကတော့ သူမရဲ့အသက် ၂၀ ပြည့်မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ သူမ ဘဝမှာ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကိုလည်းရင်ဖွင့်ပြောပြထားပါသေးတယ်။

Photo: Pyae Wadi Maung



ပရိသတ်အချစ်တော်မလေး အလှမယ် တစ်ဦးဖြစ်တဲ့ ပြည့်ဝတီမောင်ကတော့ စကျတငျဘာ(၃၀) ရက်နေ့မှာ အသက် ၂၀ ပြည့်သွားပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာတော့ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။

‘’မနေ့က ပြည့်ရဲ့ အသက် ၂၀ ပြည့်မွေးနေ့ပါ။ အသက် ၂၀ ပြည့်ရင် ကိုယ်တိုင်လုပ်ချင်တဲ့ဆန္ဒလေးတစ်ခုရှိခဲ့တယ်။

၁၉နှစ်ပြည့်တုန်းက အိမ်ကပိုက်ဆံနဲ့အလှုုတွေလုပ်ခဲ့တယ် ၂၀ ပြည့်ရင်တော့ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ၁၀၀ လှုုနိုင် နိုင် ၂၀၀ လှူနိုင်နိုင် လှုု ချင်တဲ့ဆန္ဒလေးမနေ့ကပြည့်ခဲ့ပါပြီ’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။


Photo: Pyae Wadi Maung

ပြည့်ဝတီမောင်ရဲ့ မွေးနေ့ အလှူကိုတော့ မှန်ကင်းပရဟိတအမှတ် ၂ကျောင်း မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူမကို ချစ်တဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။

‘’မနေ့က အလှူလေးတစ်ခုကို ကိုယ်တက်နိုင်သလောက် သူငယ်ချင်းတွေနဲ့အတူ သွားလုပ်ခဲ့တယ် အရင်နှစ်ကလို အိမ်က အတူမရှိပေးနိုင်ပေမဲ့အဝေးကနေ အမြဲ support လုပ်ပေးနေတဲ့အတွက်လည်း မိဘနှစ်ပါးကိုအမြဲ ကျေးဇူးတင်ပါတယ်။ ဘဝမှာအေးအေးချမ်းချမ်းနဲ့ အကောင်းဆုံး အသက်ရှင်သွားနိုင်အောင်ကြိုးစားပါမယ်။ မိဘနှစ်ပါးအပေါ်လည်းလုပ်ကျွေး နိုင်အောင်ကြိုးစားသွားပါမယ်။ မွေးနေ့ဆုတောင်းပေးတဲ့သူ တစ်ဦးချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ရှင့်’’ လို့ ဆိုပါတယ်။

Photo: Pyae Wadi Maung

ပြည့်ဝတီမောင်ကိုတော့ ပရိသတ်တွေက အလှမယ် တစ်ယောက်အနေနဲ့ စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့ အလှဓာတ်ပုံလေးတွေကလည်း ချစ်စရာကောင်းလွန်းတာကြောင့် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပရိသတ် အခိုင်အမာ ရရှိလာခဲ့ပြန်ပါတယ်။ အခုဆိုရင်တော့ သူမကတီဗီကြော်ငြာတွေလည်းရိုက်ဖြစ်နေသလို ပညာရေးကို ဦးစားပေးနေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က