ဖွေးဖွေးက သူကိုယ်တိုင် ချက်ထားတဲ့ သီးစုံပဲကုလားဟင်း၊ ဘဲဥ၊ ငါးဖယ်ဟင်းတွေကို လှူမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ ဟင်းချက်လက်ရာလေးကို စားချင်မိတယ်လို့ ပြောခဲ့ပါတယ်။
Photo: Phway Phway
ဖွေးဖွေးက သူတို့အိမ်နားက ကန်ဘောင်အလှကိုထိန်းသိမ်းပေးနေကြသူတွေအတွက် ကိုယ်တိုင် ဟင်းချက်ပြီးလှူမယ်လို့ဆိုပါတယ်။ တကယ်ကို စားချင်စရာကောင်းအောင် ချက်ထားတာပါပဲ ဖွေးရယ်။
‘’ဘဲဥ၊ ငါးဖယ်၊ သီးစုံပဲကုလားဟင်း၊ ဖွေးတို့ အိမ်နားက ကန်ဘောင်က မြက်နှုတ်ပြီးကန်ဘောင်အလှ ထိန်းသိမ်းပေးတဲ့ အဖွားတွေ အဒေါ်တွေ ကလေးတွေ ဦးလေးတွေ အတွက် လှူဖို့ အိုင်ကတော့ ထုံးစံအတိုင်း ငရုတ်သီးဖြူးပါတယ်။ ရှလွတ်။ Video ကို Comment တွင်ကြည့်ပါ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Phway Phway
ဖွေးဖွေးရဲ့ ချစ်ပရိသတ်တွေကတော့ Comment ကနေတဆင့် အားပေးချစ်ခင်ကြတဲ့ အကြောင်းတွေ ပြောပြခဲ့ပါတယ်။ ဖွေးဖွေးကိုယ်တိုင် ဟင်းမွှေနေတဲ့ ဗီဒီယိုဖိုင်ကိုလည်း Comment မှာ ပြခဲ့တာကြောင့် အရမ်းကို စားချင်စရာကောင်းတယ်လို့ ပရိသတ်တွေက ဆိုပါတယ်။ ဖွေးဖွေးဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရပေမယ့် အားတဲ့အချိန်မှာတော့ မိသားစုကို ကူညီပေးနေတာ တွေ့ရပါတယ်။
Photo: Phway Phway
ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။