မြောက်ဥက္ကလာမှာရှိတဲ့ သက်ကြီး ဘိုးဘွားတွေကို လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

နေဒွေး ကတော့ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေနဲ့ စုပေါင်းပြီး လစဉ်လတိုင်း သက်ကြီးဘိုးဘွားတွေကို ထောက်ပံ့ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ 

Photo: Nay Dwe



သရုပ်ဆောင် နေဒွေးနဲ့ သူ့ကို ချစ်တဲ့ ပရိသတ်တွေ စုပေါင်းပြီး ဆင်းရဲချို့တဲ့နေတဲ့ သက်ကြီးဘိုးဘွားများ အတွက် စားနပ်ရိက္ခာ နဲ့ ငွေကြေးထောက်ပံ့မှုတွေပြုလုပ်နေတာ တွေ့ရပါတယ်။ ပရိသတ်တွေလည်း စုပေါင်း ပါဝင်ကြတဲ့ အလှူလေးဖြစ်တာကြောင့် တစ်လတခါ လှူဒါန်းသွားမယ်လို့ နေဒွေးက ပြောပါတယ်။ 

" ကျွန်တော်နဲ့ ကျွန်တော့်ကို ချစ်ကြတဲ့ Naymily လေးတွေ စုပြီးတော့ တစ်လတခါ အရမ်းဆင်းရဲချို့တဲ့ တဲ့သက်ကြီးရွယ်အို ဘိုးဘွားတွေကို လှူသွားမယ်။အလှုငွေတွေစုပြီးထည့်ပေးကြတဲ့ ကျွန်တော့်ကိုချစ်သော ကျွန်တော်ကချစ်သော ချစ်ပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ #အဘိုးအဘွားများကိုစောင့်ရှောက်ကြပါစို့ #မျှဝေကြပါစို့" ဆိုပြီးတော့ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲက နေဒွေးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဗီဒီယိုဖိုင်လေးနဲ့ တကွ တင်ထားခဲ့တာဖြစ်ပါတယ်။ 

Photo: Nay Dwe

နေဒွေးနဲ့ သူ့ရဲ့ ပရိသတ်တွေကတော့ ဇူလိုင် (၁၈) ရက်နေ့တုန်းက မြောက်ဥက္ကလာမှာနေထိုင်ပြီး အသက်(၉၀) ကျော် အရွယ် သားသမီးမရှိတဲ့ အဘိုးနဲ့အဘွား ဇနီးမောင်နှံ တို့ကို ဆန်တစ်အိတ်၊ ဆီ(၃)ပိဿာနှင့် တစ်လစာအသုံးစရိတ်ငွေကျပ် ၈၀၀၀၀ တို့ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ နောက်လ တွေမှာလည်း သွားရောက် လှူဒါန်းပေးမယ့် နေရာတွေ ရှိသေးတယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

" နောက်လကျရင်လည်း ဘယ်အဘိုးအဘွား ၊ သက်ကြီးရွယ်အို များကို ကျွန်တော်နဲ့ ကျွန်တော်ရဲ့ချစ်သော Naymilyလေးတွေ သွားရောက်လှုဒါန်းကြဦးမလဲဆိုတာစောင့်ကြည့်ပေးကြပါခင်ဗျာ။ ကျွန်တော်ထည့်တဲ့အလှူငွေကလည်း ချစ်တဲ့ပရိသတ်များပေးတဲ့အနုပညာကြေးတွေမို့ အားလုံးသာဓုခေါ်နိုင်ကြပါစေခင်ဗျာ" လို့ သူက ဆိုပါတယ်။ 

Photo: Nay Dwe

နေဒွေးကိုဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်က လည်း အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က