မွေးနေ့အမှတ်တရအနေနဲ့ လှူဒါန်းခဲ့တာပါ။

သြဂုတ်လ(၇) ရက်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ သက်ကြီးလူရွှင်တော်များအတွက် ထောက်ပံ့ငွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ သားသားမြတ်သူတို့ရဲ့ မွေးနေ့အလှူဖြစ်ပါတယ်။

 

Photo : မြတ်ဝေထွန်း



မြင့်မြတ်က မွေးနေ့အလှူအဖြစ် သက်ကြီးလူရွှင်တော်တွေအတွက် ထောက်ပံ့ငွေ (၁၀)သိန်းတိတိကို လှူဒါန်းခဲ့ပါတယ်။သြဂုတ်လ(၇) ရက်နေ့က ကျရောက်တဲ့ မြင့်မြတ်နဲ့ သားသားမြတ်သူတို့ရဲ့ မွေးနေ့အမှတ်တရအဖြစ် လှူဒါန်းတာ ဖြစ်တယ်လို့ သိရပါတယ်။

“ရုပ်ရှင်နှင့်VDO သရုပ်ဆောင်ကိုမြင့်မြတ်နဲ့သားငယ်လေး မြတ်သူ(ကိုမြင့်မြတ်တို့ သားအဖမိသားစု)မှ့ မွေးနေ့အထိမ်းအမှတ်ဖြင့် ကျွန်တော်တို့ရဲ့ သက်ကြီးလူရွှင်တော် ထောက်ပံ့ရေး ရန်ပုံငွေပွဲကို အလှူငွေ(10)သိန်းကျပ်တိတိလှူဒါန်းပါတယ်ခင်ဗျာ” ဆိုပြီး လူရွှင်တော် ချက်ကြီးရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၈) ရက်နေ့က ရေးသားထားပါတယ်။

Photo : မြတ်ဝေထွန်း

မြင့်မြတ်က အလှူငွေ လှူဒါန်းတဲ့အပြင် သြဂုတ်လ(၁၁) ရက်နေ့မှာ ပြုလုပ်မယ့် “သက်ကြီးလူရွှင်တော်များအား ကူညီထောက်ပံ့ရေး ရန်ပုံငွေ”ပွဲမှာလည်းပါဝင်ဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။မြင့်မြတ်ကတော့ ဒီနှစ်မှာ အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပါပြီ။ သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်သွားခဲ့ပါပြီ။

Photo : မြတ်ဝေထွန်း

မြင့်မြတ်က လက်ရှိမှာ အောင်ပန်းတွင် ဒါရိုက်တာ ပြည်ဟိန်းသီဟတို့နဲ့အတူ “သရွှီး”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အဲဒီဇာတ်ကားကို မြန်မာနိုင်ငံရဲ့ သဘာဝရှုခင်း အလှအပတွေရှိရာ ကလော၊ အောင်ပန်း၊ အင်းလေးနဲ့ ညောင်ရွှေတို့မှာ ရိုက်ကူးသွားမှဖြစ်ပြီး လက်ရှိမှာတော့ အင်းလေးမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ရိုက်ကူးတာဖြစ်ပါတယ်။

Photo : မြတ်ဝေထွန်း

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။ သူဟာ ၂၀၁၇ခုနှစ်က အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “အမှောင်မှာရွာချတဲ့မိုးတိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က