အလှူအတန်းအတွက် လုံးဝကို လက်မနှေးတဲ့ သူပါ။

ခင်လှိုင်က သက်ကြီး လူရွှင်တော်ကြီးများ ပူဇော်ပွဲကိုတက်ရောက်ဖြစ်ဖို့ မလွယ်ပေမယ့်လည်း သူတက်နိုင်သလောက် အလှူဒါနတစ်ခု ပြုခဲ့ပါတယ်။ သက်ကြီးလူရွှင်တော်ကြီးများအား ကူညီထောက်ပံ့ရေး ရန်ပုံငွေ ပွဲမှာလည်း အနုပညာလုပ်အားနဲ့ ပါဝင်ကူညီဦးမှာ ဖြစ်ပါတယ်။

 

Photo : ခင်လှိုင်



 ခင်လှိုင်ကတော့ မကြာခင်မှာ ပြုလုပ်တော့မယ့် သက်ကြီးလူရွှင်တော်များ ပူဇော်ပွဲအတွက် သူတက်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ပွဲနေ့မှာ သူမတက်ရောက်နိုင်တာကြောင့် အခုကတည်းက အလှူငွေ (၂)သိန်းကျပ်ကို လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

“ဒီနေ့မနက်စောစော အလှုလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်ငယ်စဉ်ကေ လးစားအားကြခဲ့ရတဲ့ ဟာသမင်းသားကြီးဦးမေတ္တာရဲ့သားကျွန်တော့် တူလေးလိုချစ်ရတဲ့မေတ္တာမြင့်မြတ်ဟိန်းကျွန်တော် အိမ်ကိုရောက်လာပြီး ရန်ကုန်လူရွှင်တော်အသင်းမှပြုလုပ်မည့် သက်ကြီးလူရွှင်တော်ကြီးများပူဇော ်ပွဲအတွက် ဖိတ်စာ လာဖိတ်ပါတယ်ကျွန်တော်ကသက်ကြီးပူဇော်ပွဲကို တက်ဖြစ်ဖို့ကမလွယ်ဘူးမိုး ထဲလေထဲရိုက်ကွင်းက ရှိနေတော့နေ့တွေညတွေရိုက်နေ ရတာဆို တော့သက်ကြီးဟာ သပညာကြီးများကို အလှုငွေ ၂ သိန်းကျပ်လှုဒါန်းလိုက်ပါတယ် သက်ကြီးဟာသပညာရှင်ကြီးများ သက်ရှည်ကျန်းမာအေး ချမ်းစွာ တရားဓမ္မနှင့်မွေ့လျှော်နိုင်ကြပါစေ” ဆိုပြီး သြဂုတ်လ(၉) ရက်နေ့က ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

 

Photo : ခင်လှိုင်

သက်ကြီးပူဇော်ပွဲမှာ မရှိနိုင်ပေမယ့်လည်း “သက်ကြီးလူရွှင်တော်ကြီးများ ထောက်ပံ့ရေးရန်ပုံငွေ” ဖျော်ဖြေပွဲမှာတော့ သူပါဝင်ဖျော်ဖြေသွားမယ်လို့လည်း သိရပါတယ်။ခင်လှိုင်ဟာ လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလျက်ရှိပြီး အလှူအတန်းတွေကိုလည်း ပြုလုပ်နေသူ ဖြစ်ပါတယ်။ခင်လှိုင်က ”ဇဝနဖောင်ဒေးရှင်း”ကို တည်ထောင်ထားပြီး သက်ကြီး လူရွှင်တော်ကြီးများအတွက် အလှည့်ကျ မဲဖောက်ပြီး လှူဒါန်းမှုတွေလည်း ပြုလုပ်နေသူ ဖြစ်ပါတယ်။

‘’တစ်လကို တစ်ယောက်နှုန်းနဲ့ မဲနှိုက်ပြီးရွေးမယ်။ မဲပေါက်သွားတဲ့သူကို ကျွန်တော်တို့ မီဒီယာက ၁ သိန်း၊ ကျွန်တော်က ၁ သိန်း၊ ကျန်တဲ့ အလှူရှင်တွေကလည်း လှမ်းလှူချင် လှူလို့ရတယ်။ တခြား လူရွှင်တော် တွေကလည်း ကိုယ်တိုင် လိုက်လှူချင်လည်း ရတယ်၊ ပြီးတော့ သူ့အတွက် ဘဏ်အကောင့်လည်း ဖွင့်ပေးထားမယ်၊ ကံကောင်းချင်ရင်တော့ တစ်ရက်တည်းကို ၁၀ သိန်းလောက်ရချင်လည်း ရသွားနိုင်ပါတယ်’’ လို့ ဆိုပါတယ်။

Photo : ခင်လှိုင်

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က