အလှူအကြောင်းလေးကို အခုလို ပြောပြလာပါတယ်။

နေတိုးဟာ သက်ကြီးလူရွှင်တော်များရဲ့ စားဝတ်နေရေး အတွက် လူရွှင်တော် ငြိမ်းချမ်း၊ကောင်းကျော်နဲ့ ဒိန်းဒေါင် တို့ကနေတဆင့် ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါတယ်။ 

Photo: Nay Toe



နေတိုးဟာ Covid ကာလအတွင်းမှာ စားဝတ်နေရေး အဆင်မပြေကြသူတွေအတွက် မကြာခဏ အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။ အခုဆိုရင်လည်း သက်ကြီးလူရွှင်တော်များ အတွက် ငွေကျပ်(၁၀) သိန်းကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

" ဒီနေ့ သက်ကြီးလူရွှင်တော်ကြီးများအတွက်( ၁၀)သိန်းလှူဖြစ်ပါတယ်။ အလှူကို" ပါလေရာ" စားသောက်ကုန် (၅)သိန်းဖို:ဝယ်ယူလှူဒါန်းခဲ့ရာမှာ" ပါလေရာ"မိသားစုနဲ့ကိုရွှေမန်းတို့ကလဲ ၅သိန်းဖို့ထပ်မှန်လှူဒါန်းပေးခဲ့ပါတယ် စုစုပေါင်း( ၁၅ )သိန်းဖိုးဖြစ်ပါတယ်ခင်ဗျာ။ အခုလှူလိုက်သော" ပါလေရာ"စားသောက်ကုန်များကို တော့လူရွှင်တော်များမှပရိသတ်များကို live လွှင့်ရောင်းချပေးသွားမှာဖြစ်တယ်လိုသိရပါတယ်။ ပရိသတ်များလည်းအမှတ်တရအနေနဲ့ဝယ်ယူအားပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ ပရိသတ်များအားလုံးလဲကုသိုလ်အမျှရကြပါစေ။ နွေးထွေးမှုများစွာဖြင့်....နေတိုး" ဆိုပြီးတော့ သြဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Nay Toe

နေတိုးရဲ့ အလှူငွေကိုတော့ လူရွှင်တော် ငြိမ်းချမ်း၊ ကောင်းကျော် နဲ့ ဒိန်းဒေါင်တို့က သက်ကြီးဘိုးဘွားများကိုယ်စား လက်ခံ ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း နေတိုးဟာ အနုပညာလောကသားတွေ ထဲက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူတွေ ဖြစ်တဲ့ ဒါရိုက်တာ အောင်ဇော်လင်းရဲ့ သမီးလေး မမေသူချစ် နဲ့ ဒါရိုက်တာ အောင်ဗပါဝါ သမီးလေး ဂျူလီယာပါဝါ တို့ကို အတွက် ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ခဲ့ပါသေးတယ်။ နေတိုးရဲ့ အလှူအတွက် ပရိသတ်တွေကလည်း Comment ကနေတဆင့် သာဓု(၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။ 

Photo: Nay Toe

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ နေတိုးက Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ 

အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က