၁၀ သိန်းလှူခဲ့တာပါ။

မြင့်မြတ်ကတော့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ သက်ကြီး လူရွှင်တော်တွေအတွက် ထောက်ပံ့ငွေ ၁၀သိန်းကျပ် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

Photo: Chat Gyi



သရုပ်ဆောင်မြင့်မြတ်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။ အခုလည်း သက်ကြီးလူရွှင်တော်တွေအတွက် အလှူငွေထောက်ပံ့ပေးခဲ့တာကြောင့် လူရွှင်တော် ချက်ကြီးက ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

‘’သက်ကြီးလူရွှင်တော်များကို အလှူငွေ(10)သိန်းကျပ် ကူညီထောက်ပံ့မူ့အတွက် ကိုမြင့်မြတ်အား လူရွှင်တော်အသင်းကိုယ်စား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ပါတယ်ခင်ဗျာ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။ အဲဒီနောက် အမှတ်တရ အလှူဓာတ်ပုံလေးကိုလည်း မှတ်တမ်းတင်ခဲ့ပါသေးတယ်။

Photo: Chat Gyi

သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေကတော့ ဒီအလှူလေးအတွက် အများကြီး ဝမ်းသာပီတိဖြစ်နေကြတာကို တွေ့ရပါတယ်။ မြင့်မြတ်ကတော့ ဒီနှစ်မှာ အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပါပြီ။ သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်သွားခဲ့ပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတတ်သူ တစ်ယောက်ပါ။ ငွေအားလည်း လှူဖြစ်သလို တစ်ခါတလေမှာ ကိုယ်တိုင်လုပ်အားလည်း ပါဝင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

Photo: Chat Gyi

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။ သူဟာ ၂၀၁၇ခုနှစ်က အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “အမှောင်မှာရွာချတဲ့မိုးတိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က